ခမ်းသားငေါဝ်း

မတ် ၁၈၊ ၂၀၂၅

ပေါင်းလောင်းတွင် တံမြက်စည်းပင် စျေးကောင်းရရှိသဖြင့် ခုတ်ရောင်းသူများနေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် ယခုနှစ် တံမြက်စည်းပင်စျေးကောင်းရရှိသဖြင့် ခုတ်ရောင်းပြီး ဝမ်းရေးဖြေရှင်းသူများလာကြသည်။

“ခေတ်လည်းမကောင်းဘူး ကုန်စျေးနှုန်းလည်းတက်တယ်။ အရင်နှစ်တွေဆို တောထဲက တိရစ္ဆာန် အန္တရာယ်ကြောက်ကြလို့ ခုတ်တဲ့သူနည်းတယ်။ဒီနှစ်ကျ စျေးလည်းကောင်း အလုပ်လည်း ရှားတော့တံမြက်စည်းကိုဘဲ ခုတ်ရောင်းကြရတာ”ဟု တံမြက်စည်းပင်ခုတ်ရောင်းသူတစ်ဦးကပြောသည်။

တံမြက်စည်းပင်အစို တစ်ပိဿာကို ၈၀၀ ကျပ်၊ (၃၆)လက်မ တစ်ထုံးကို ၁၂၀၀၀ ကျပ် ဖြင့် ရောင်းချကြသလို အခြောက်လှန်းပြီးရောင်းချသူလည်းရှိကြောင်း သိရသည်။

ခုတ်ပြီးသော တံမြက်စည်းများကို ရန်ကုန်၊ မန္တလေး ၊နေပြည်တော်ရှိ ပွဲစားများက လာဝယ်ကြကြောင်း သိရသည်။

#PPV005
ပုံ-အွန်လိုင်း
#ကုန်ဈေး
#ပင်လောင်းမြို့နယ်
#ပေါင်းလောင်းမြို့
#တံမြက်စည်းပင်စျေးကောင်းရရှိ
#ဝမ်းရေးဖြေရှင်းသူများပြား

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။