ခမ်းသားငေါဝ်း
မတ်လ ၁၈၊ ၂၀၂၅

ခရီးသွားလာရောက်မှုနည်းပါးလာ၍ အင်းလေးဒေသ လက်မှု လုပ်ငန်းများ လုပ်ကိုင်သူ နည်းလာပြီး ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေရကြောင်းဒေသခံများထံ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ၊ ဟဲယာရွာမ ကျေးရွာရှိ ရိုးရာ လက်မှု လုပ်ငန်းများ လုပ်ကိုင်သူ နည်းပါးလာသည်။

“အခုက လုပ်သမား နည်းသွားပြီ။ လုပ်တတ်တဲ့ သူကတော့ ကျန်ပါသေးတယ်။ ဒါပေမယ့် သိပ် အရောင်း မတွင်ကျယ်တော့ လုပ်သူ နည်းတယ်။ တခြား အလုပ်တွေ ပြောင်းလုပ်ကြတယ်။”ဟုပန်းထိမ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်သူ တစ်ဦးက ဆိုသည်။

အင်းလေးကန် ၊ ဟဲယာရွာမတွင် ရှေးနှစ်ပေါင်းများစွာ ကပင် အင်းသားတို့၏ ရိုးရာ လက်မှုလုပ်ငန်းများ ဖြစ်သော ပန်းထိမ် ၊ ပန်းပဲလုပ်ငန်းတို့ကို လုပ်ကိုင်သော ကျေးရွာ ဖြစ်ကြောင်း သိရသည်။

ရွာမတွင် ရွှေပန်းထိမ် ၊ ငွေပန်းထိမ် အဓိက လုပ်ကိုင်ခြင်း ဖြစ်ပြီး ၊ တခြားကျေးရွာများကပင် လာရောက် သင်ကြားရခြင်း ရှိကြောင်း၊ ကိုဗစ်ကာလ နောက် ပိုင်း အင်းလေးဒေသတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် လျော့နည်းခဲ့ချိန်တွင် ပန်းထိမ် လုပ်ငန်း လုပ်ကိုင်သူ လျော့နည်းလာခြင်းဖြစ် သည်။

ထို့ပြင် ငွေထည် လက်ဝတ်ရတနာများ ၊ ငွေထည် အသုံးအဆောင် ပစ္စည်းများ လုပ်ငန်း အပ်နှံသူ နည်းပါးကာ ၊ ငွေထည် များကိုလည်း တခြား ပြည်မ ဘက်မှ ငွေထည် ပစ္စည်းများကို ယူရောင်းကြသဖြင့် အင်းလေး ကန် ထွက်ငွေထည် ပစ္စည်းများ အရောင်းနည်းပါးကြောင်း ဆိုသည်။

ဆည်ခေါင်းရွာတွင်လည်း သံဖြင့် ပြုလုပ်သော ဓါး၊ ကတ်ကြေး ၊ ပေါက်ပြား တို့ ထုတ်လုပ်သော ပန်းပဲလုပ်ငန်း လည်း လက်ရှိ အချိန် လုပ်ကိုင် ဆောင်ရွက်သူ ရှိပေမယ့် နည်းလာကြောင်း ဆိုသည်။

ငွေကြေး အရင်း အနှီး စိုက်ထုတ်မှု အားနည်းခြင်း နှင့် စျေးကွက် လိုအပ်ချက် နည်းခြင်း တို့ကြောင့် လုပ်ငန်း နှေးလာပြီး အင်းပေါခုန် တွင်လည်း ယက္ကန်းရုံ လုပ်ငန်းများကိုလည်း ဆောင်ရွက်ခြင်း ရှိကြောင်း သိရသည်။

အင်းလေးကန်တွင် မြန်မာ့ရိုးရာ လက်မှုပညာရပ်များ ဖြစ်သော ပန်းဆယ်မျိုး တို့ကို လုပ်ကိုင် ဆောင်ရွက်ခြင်း ရှိ​ပြီးထို ပန်းဆယ်မျိုးမှာ ပျောက်ကွယ်လု နီးပါး ဖြစ်နေရကြောင်း ဒေသခံများ ထံမှ ကြားသိရပါသည်။

၎င်းပန်း(၁၀)မျိုးတို့မှာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းပု၊ ပန်းပွတ်၊ ပန်းချီ နှင့် ပန်းယွန်းတို့ ဖြစ်ကြပါသည်။

photo credit

#PPV-006
#လက်မှုပညာ
#အင်းလေး
#ပျောက်လုနီးပါး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။