ခမ်းသားငေါဝ်း
မတ် ၁၈၊ ၂၀၂၅
ကိုးကန့်တပ်ဖွဲ့(MNDAA)ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ကြက်၊ဝက် ဈေးကောင်းရနေသဖြင့် မွေးမြူသူများ စီးပွားဖြစ်နေကြောင်း မတ်လ(၁၈)ရက်တွင် စုံစမ်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ကြက်၊ဝက် မွေးမြူထားသူများ ကိုးကန့်များလာရောက်ဝယ်ယူသည့်အခါ ကြိုက်သည့်ဈေးဖြင့် ရောင်းချလို့ ရနေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။
“ကိုးကန့်တွေက ဝက်သား အရမ်းကြိုက်တဲ့ထဲပါတယ်။ (၃)လလောက်ပဲ မွေးရသေးတဲ့ဝက်တွေဆိုလည်း ကြိုက်တဲ့ဈေးနဲ့ပေးတယ်။ ကြက်၊ ဝက် မွေးမြူရေး လုပ်တဲ့သူများကတော့ စီးပွားဖြစ်တယ်”ဟု ဒေသခံအမျိုးသားက ခမ်းသားငေါဝ်းကို ပြောသည်။
တစ်ဖက်မှာလည်း စားသုံးသူများအတွက် ဝက်သားဈေး တစ်ပိဿာ(၄)သောင်းကျပ်နှင့် ကြက်သားဈေး(၅)သောင်းကျပ် ရှိသည့်အတွက် ယခုချိန်ထိ ခက်ခဲမှုရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
“အရင်က စစ်ဘေးရှောင်ခဲ့တုန်းက ရှိသမျှ အကုန်ကုန်ခဲ့တာကြောင့်။ အခု မိသားစုပြန်ရပ်တည်နိုင်ဖို့က ခက်ခဲနေသေးတယ်။ ကြားထဲ ဝက်သား ၊ကြက်သားကလည်း ဈေးကြီးတော့ မဝယ်စားနိုင်ဘူး။ အဆင်ပြေသလိုပေါ့ကွယ်”ဟု အမျိုးသမီး(၁)ဦးလည်း ပြောသည်။
MNDAA ထိန်းချုပ်ထားသော ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် ပြန်လည်ထူထောင်ရေးကို ထိုက်သင့်စွာ လုပ်ဆောင်နိုင်နေပြီး ယခုချိန်တွင် ဘုရားပွဲနှင့် Holiပွဲတော်ကိုလည်း စည်ကားစွာ ကျင်းပကြောင်း သိရသည်။
PPV0011
#မွေးမြူရေး
#လားရှိုးမြို့နယ်
#ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ထား
#ကြက်
#ဝက်မွေးမြူထားသူများ
#ကြိုက်သည့်ဈေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။