ခမ်းသားငေါဝ်း
မတ် ၁၈၊ ၂၀၂၅

ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ရာသီဥတုပူပြင်းလာသည်နှင့်အမျှ ရေရရှိနိုင်ဖို့ပိုမို ခက်ခဲလာကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီ (ကယား)နယ်စပ် ဖယ်ခုံအနောက်ဖက်ခြမ်းရှိကျေးရွာများတွင် ရာသီဥတုပူပြင်းလာပြီး အများသုံးရေကန်၊ ရေထွက်ပေါက် စသည် ရေအရင်းအမြစ်များ ခြောက်ခမ်းလာကာ ဒေသခံများ ရေရရှိနိုင်ဖို့ရန် ခက်ခဲလာသည်။

“အရင်က အဲ့အများသုံးကန်ကနေ ရေပေးဝေတာမျိုးရှိတယ်၊ အဲ့ကန်လည်းရေကုန်သွားပြီ၊ အခုတော့ ၀ယ်သုံးရတာပေါ့လေ ၊ ၀ယ်မယ်ဆိုလည်း ကားတစ်စီးစာကို ၂၅၀၀၀ ကနေ ၃၀၀၀၀ ထိပေးရတယ်၊ ဈေးကြီးတယ်၊ အရမ်းကို ချွေတာသုံးရတယ်၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေချိုးဖို့ဘာညာ လုံလုံလောက်လာက်မရဘူး” ဟု ဒေသခံတစ်ဦးကခမ်းသား ငေါဝ်းကိုပြောသည်။

ရေလုံလောက်စွာမရရှိမှုကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးပိုင်းတွင်ထိခိုက်လာပြီး ကလေးများ ရောဂါများ ဖြစ်ပွားမည်ကိုစိုးရိမ် ရကြောင်းသိရသည်။

“ရေက၀ယ်သုံး နေရတာ နေ့တိုင်းရေချိုးဖို့က မလောက်ဘူး၊ ပြီးရေကလည်း အရမ်းမသန့်တာ့လေ ကလေးတွေကျန်းမာရေးစိတ်ပူတယ်၊ နှစ်တိုင်းလည်းဒီလိုအချိန်ဆို ရေရှားတာကြာင့်ပဲ ၀မ်းပျက်၀မ်းလျောတွေ၊ ယားနာတွေအဖြစ်များတယ်” ဟု ၎င်းကဆက်ပြောသည်။

ဖယ်ခုံအနောက်ဖက် ခြမ်းနှင့် ကရင်နီပြည်နယ် အတွင်းတွင် နွေရာသီ ရောက်တိုင်း နှစ်စဉ်ရေရှားပါးမှု ဒဏ်ကိုခံစားနေရပြီး စစ်ရှောင်စခန်းများတွင် ၀မ်းပျက်၀မ်းလျော၊ ယားနာ စသည့် ရောဂါများ အဖြစ်များ နေသည်။

PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံအနောက်ဖက်ခြမ်း
#ရာသီဥတုပူပြင်းလာသည်နှင့်အမျှ
#ရေရရှိနိုင်ဖို့ပိုမိုခက်ခဲလာ
#အများသုံးရေကန်
#ရေထွက်ပေါက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။