ခမ်းသားငေါဝ်း
မတ်လ ၁၆၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ရွာမရွာတွင် ရေခန်းခြောက်၍ ကုန်းခေါင် ခေါင် ဖြစ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရေကြီးရေလျှံမှုများ စံချိန်တင် ဖြစ်ပွားခဲ့သည့် ညောင်ရွှေမြို့နယ် အင်းလေးကန်သည် သုံးလအကြာတွင် မကြုံစဖူး ရေကျဆင်းခဲ့ကာ ၊ ကန်အတွင်းရေဝပ် ဧရိယာ နည်းပါးလာပြီ ဖြစ်ကြောင်း ကြား သိရသည်။

“ရွာမဘက်သွားလာလို့ မရတော့တာကြာပါပြီ။ အခု ပူလာတော့ ပိုဆိုးတာပေါ့။ ရေချောင်းလေး သာသာ ပဲ ကျန်တော့တယ်။ စက်လှေသွားလို့ မရတော့တာ ကြာပြီပေါ့။”ဟု စက်လှေဆရာ တစ်ဦးကပြော သည်။

ရွာမကျေးရွာသည် နှစ်စဉ်ရေခန်းခြောက်ကာ သဲနုန်းများကြောင့် သွားလာ မရသည်မှာ ကြာပြီဖြစ်ပြီး ၊ ထို သဲနုန်းများ ကို စုပ်ထုတ်ပစ်ရန် ကုန်ကျစရိတ် သိန်းပေါင်း သောင်းချီ ကုန်ကျနိုင်ကြောင်း ၊ မည်သည့် နည်းလမ်းဖြင့် ရှင်းလင်းရမည် ကို မသိကြောင်း ဒေသခံ များက ပြောသည်။

အင်းလေးကန် ရွာမရွာဘက်ရေခန်းခြောက်နေသည်မှာ လအတန် ကြာပြီ ဖြစ်သောကြောင့် သွားလာရေး ခက်ခဲခြင်း ၊ စိုက်ပျိုးရေး ခက်ခဲခြင်းများ ကြုံတွေ့ရကြောင်း သိရသည်။

ယခုနှစ် နွေရာသီ ပူပြင်းသဖြင့် အင်းလေးကန် အတွင်း ရေခန်းခြောက်မှု ပိုမို ဆိုးရွားလာမည်ကို ဒေသခံ များ စိုးရိမ်နေကြပြီး ၊ အင်းလေးကန် အတွင်း ရေကျနှုန်းလည်း ယခင်နှစ်ကာလများထက် ပိုမို မြန်ဆန်လာမှုရှိကြောင်းသိရသည်။

#PPV-006
#ရာသီဥတု
#အင်းလေး
#ရွာမ
#ရေခန်းခြောက်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။