ခမ်းသားငေါဝ်း
မတ် ၁၇၊ ၂၀၂၅
တောင်ကြီးမြို့ အနီးတဝိုက်ရှိ ဘုန်းကြီးကျောင်းများတွင် ငွေလာရောက် လိမ်လည်မှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားသွားကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မောက်ဝေါက်ကျးရွာနှင့် အခြားကျေးရွာရှိဘုန်းကြီးကျောင်းများတွင် ယခုမတ်လအတွင်းတွင် လူနှစ်ဦးက အလှူပြုလုပ်မည်ဆိုပြီး ပြောဆိုပြီးနောက် ငွေလိမ်လည်မှုပြုလုပ်ခဲ့သည်။
“မနက်ဖြန် ဒီဘုန်းကြီးကျောင်းမှာ ပစ္စည်းလာလှူမှာ ဒါပေမယ့် ခုလောလောတော့ သူတို့ကားပြတ်နေတာတဲ့ ကားပြတ်တဲ့နေရာမှာ ပြင်ပေးတဲ့သူက ပိုက်ဆံ ၂ သိန်းတစ်သောင်းတောင်းတာ တစ်သိန်းခွဲဘဲပါတယ် နောက်ထပ် ၆ သောင်း လိုတယ် အဲတာ သူတို့ကို ပေးပါလားဆိုပြီး အဲလိုပုံစံနဲ့တောင်းသွားတာ “ဟု ဖြစ်စဉ်သိသူ ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယခုလိုဖြစ်စဉ်သည် မောက်ဝေါက်ကျေးရွာတစ်ရွာတည်းမဟုတ်ဘဲ အနီးနားရှိ ကျေးရွာတို့တွင်လည်း ယခုလို ပုံစံတူရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“နှစ်ကျောင်းရှိပြီ ပုံစံတူဘဲလုပ်သွားတာ သိန်းဂဏန်းတော့ မပါသွားသေးဘူး။ အဲဒီဖြစ်စဉ်ကျွန်မတို့ပြန်ကြည့်မယ်ဆိုရင် သူတို့သွားတဲ့ကျောင်းကလည်း ပအိုဝ်းစာသင်နေတဲ့ကျောင်း လိမ်တဲ့သူကလည်း ဗမာလူမျိုး၊ဗမာစကားဘဲပြောတယ် အဲတာကကျွန်မတို့ ပအိုဝ်းလူမျိုးကိုဘဲ ဦးတည်ထားတာကို မြင်ရမယ်။ဘယ်လိုလဲ ဆိုတော့ ပအိုဝ်းလူမျိုးဆို များသောအားဖြင့် အလှူအတန်းဆို အရမ်းရက်ရောတယ် အဲတာကိုသူတို့အသုံးချပြီး လုပ်သွားတာကိုလည်း ကျွန်မတို့ တွေ့ရတယ်။ ဒီတစ်ချက်ကျွန်မတို့ သတိထားရမယ်။”ဟု ယင်းဒေသခံက ဆက်ပြောသည်။
တောင်ကြီးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရပ်ဝေးမှ လာသော သူများ၊သူစိမ်းများက သနပ်ခါးရောင်းချင် ယောင်ဆောင်ပြီး ငွေလိမ်သွားမှု၊ မဲပေါက်သည်ဆိုပြီး လာရောက်ပြောဆိုပြီး ငွေလိမ်သွားမှု ၊အကြောင်းအမျိုးမျိုး ပြောပြီး ငွေလိမ်သွားမှု မကြာခန ကြုံတွေ့နေရကြောင်း သိရသည်။
ထို့အပြင် ကုန်စျေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ လူအများစုက ဝမ်းတစ်ထွာအတွက် အလွယ်လမ်းလိုက်လာကြပြီး လုယက်မှု၊ လိမ်လည်မှုများ ပြုလုပ်သူ ပိုမို များလာကြောင်း သိရသည်။
#PPV005
ပုံ-အွန်လိုင်း
#မှုခင်း
#တောင်ကြီးမြို့
#မောက်ဝေါက်ကျးရွာ
#ဘုန်းကြီးကျောင်းများ
#အလှူပြုလုပ်မည်ဆိုပြီး
#ငွေလိမ်လည်မှုပြုလုပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7