ခမ်းသားငေါဝ်း
မတ် ၁၆၊ ၂၀၂၅
တောင်ကြီးမြို့တွင် လိုင်စင်မဲ့ကားများကို ရပ်ကွက်ထဲရှိနေအိမ်အထိ လိုက်လံရှာဖွေပြီး ဖမ်းဆီးမှု ငွေညစ်မှု ပြုလုပ်နေကြောင်း မတ်လ ၁၆ ရက်နေ့တွင် ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရဲ၊စစ်သား၊ မော်တော်ပီကယ်များပူးပေါင်းပြီး အရပ်ဝတ်ဖြင့် ရပ်ကွက်အထိ ကားရှိသော နေအိမ်များကို လိုက်လံချောင်းကြည့်ပြီး ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေသည်။
“ကားရှိတဲ့အိမ်ဆို ရုတ်တရက်လာစစ်တယ်။ဧည့်စာရင်းပါ စစ်တယ်။ ကားဆိုလည်း ကားက ဝီးတောက်လား လိုင်စင်ပါလားဆိုတာ စစ်တယ်။ကားဝီးတောက်ဆို ဒဏ်ငွေ သိန်း၂၀ သိန်း ၃၀ တောင်းတယ်။ ကားကို အိမ်မှာတောင်မထားရဲကြတော့ဘူး တစ်ချို့ဆို မိုးကာနဲ့ သူတို့မမြင်အောင် အုပ်ထားကြရတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ရပ်ကွက်များအထိ လိုက်လံ စစ်ဆေးသည့် အပြင် စူဠာမူနိအဆင်း ၊အနောက်မြို့ပတ်လမ်း၊ မိန်းလမ်း ၊ အိုးရှင်းအနောက်ဖက် ၊တန်ဆောင်တိုင်ကွင်းအနီး၊မြကန်သာအဝိုင်းပတ်နှင့် မြို့ဝင်မြို့ထွက်ဂိတ် စသည့် နေရာများတွင်လည်း လိုင်စင်မဲ့ကားအပြင် ဆိုင်ကယ်များပါ ဖမ်းဆီးမှု ပြုလုပ်နေကြောင်း သိရသည်။
တောင်ကြီးမြို့ပေါ်တွင် နိုင်ငံတော်အခြေအနေအရ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမည်ဟု မတ်လ ၄ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပုံ-အွန်လိုင်း
PPV005
#လူ့အခွင့်အရေး
#မှုခင်း
#တောင်ကြီးမြို့
#ရဲ
#စစ်သား
#မော်တော်ပီကယ်
#ရပ်ကွက်အထိ
#ကားရှိသောနေအိမ်များ
#ရှောင်တခင်စစ်ဆေးမှုများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။