ခမ်းသားငေါဝ်း
မတ် ၁၆၊ ၂၀၂၅
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တပ်သား သယ်ယူလာသည့် ရွာသားပစ္စည်းများကို ပင်လောင်းမြို့ပေါ် အပေါင်ဆိုင်တွင် သွားရောက်ရောင်းချနေ ကြကြောင်း စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဖက် တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများနှင့် ညောင်ရွှေမြို့နယ်စံကား ဒေသတို့တွင် တိုက်ပွဲဖြစ်ပွားချိန် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားတို့ သယ်ယူလာသည့်ရွာသား စက်ပစ္စည်းများကို ပင်လောင်းမြို့ပေါ်တွင် သွားရောက်ရောင်းချနေသည်။
“ဘီဒို၊ စက်ဘီး၊ ဆိုင်ကယ်၊ အိုး၊ ထမင်းချိုင့်၊ သံချောင်းတွေကအစယူတယ် ။ ပင်လောင်း အပေါင်ဆိုင်မှာ သွားရောင်းတာ။ PNO တပ်သားအစစ်တွေမှ မဟုတ်ဘူး ၁၅ ရက်သင်တန်းတက်ပြီး ရှေ့တန်းပို့ခံရတဲ့ သူတွေလည်း ရွာသားပစ္စည်းတွေကို ခိုးလာကြတာ မစာမနာနဲ့ သူများအပူစာကို စားနေကြတာ”ဟု ပင်စုံရွာသားတစ်ဦးကပြောသည်။
ယခုလို ပစ္စည်းခိုယူကြသောကြောင့် ပင်လောင်းဖက်ရှိ PNO စစ်သားများသည် ရှေ့တန်းတစ်ခေါက်သွားတိုင်း အနည်းဆုံး ငွေ သိန်း ၅၀ နှင့်အထက် ပါပြန်ကြကြောင်း သိရသည်။
“ရှေ့တန်းတစ်ခါတက်ရင် ပိုက်ဆံအများကြီးရတယ်ရွာကလည်း ထောက်ပံပေးတယ် ရှေ့မှာလည်း ကိုယ် ရှာနိုင်ရင် ရှာနိုင်သလောက်ရတယ်။အယောက် ၁၀၀ တက်မှ တစ်ယောက် ကျဆုံးတာလေ အ့ာတာကြောင့်ရှေ့တန်းတက်ချင်နေကြတယ်။” ဟု ပင်လောင်းဒေသနေ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောပြသည်။
ပင်လောင်းတောင်ဖက်ဖြစ်သော လုံးပြင်၊ တောင်မဲသင်း၊ ပင်စုံ၊ ဗန်းမောက်၊ နန်းတုတ် ကျေးရွာဖက်တို့နှင့် ညောင်ရွှေမြို့နယ် ရေပူကျေးရွာ ၊ လွယ်ကျိုင်းကျေးရွာဖက်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲရှိနေသေးသောကြောင့်ကျေးရွာခံများ ရွာမပြန်နိုင်ကြသေးကြောင်း သိရသည်။
ပုံ-အွန်လိုင်း
PPV005
#လူ့အခွင့်အရေး
#ပင်လောင်းမြို့တောင်ဖက်
#တိုက်ပွဲဖြစ်ပွားနေ
#ကျေးရွာများ
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#စက်ပစ္စည်းများ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။