ခမ်းသားငေါဝ်း
မတ်လ ၁၅၊ ၂၀၂၅
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဖွဲ့စည်း တည်ထောင်ခြင်း(၄)နှစ်ပြည့် အခမ်းအနားကို မတ်လ(၁၅)ရက် ယနေ့တွင် လွတ်မြောက်နယ်မြေ တနေရာတွင် ကျင်းပခဲ့ကြောင်း PLA မှ သတင်းထုတ်ပြန်ထားသည်။
“ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ခြေလှမ်းတိုင်းသည် အဖိနှိပ်ခံပြည်သူလူထု၏ အကျိုးစီးပွားမှတပါး အခြားမရှိ။ ရန်သူတကာ ကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်း ရွှင်လန်း အားတက်ပါစေ”ဟု PLAမှ ကြွေးကြော်ထားသည်။
အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည် ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားမှ အလေးပြုခြင်း၊ ကျရှုံးရဲဘော်များအား သေနတ်ပစ်ဖောက်၍ အလေးပြုခြင်း၊ ပြည်သူ့တပ်မတော်သီချင်း သီဆိုခြင်း၊ စစ်ရေးပြ ချီတက်ခြင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်းနှင့် ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မတော်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAကို (၂၀၂၁)ခုနှစ် မတ်လ(၁၅)ရက်မှာ ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် (၄)နှစ်ပြည့် အခမ်းအနားဖြစ်ကြောင်း သိရသည်။
#PPV0011
#PLA
#တပ်ထောင်နှစ်
ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။