ခမ်းသားငေါဝ်း
မတ်လ ၁၅၊ ၂၀၂၅

စစ်မှုထမ်းငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ ညောင်ဖြူစခန်း ရပ်ကွက် ရာအိမ်မှူး ဦးအုန်းငွေ ကို တိုင်ကြားမှု ရှိနေကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် ရာအိမ်မှူး တိုင်ကြားရခြင်း အကြောင်းရင်းသည် ရာအိမ်မှူး ဦးအုန်းငွေ ဆိုသူသည် စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ တစ်အိမ်တက် တစ်အိမ်ဆင်း ငွေကြေး ကောက်ခံနေသည့် အပြင် ၊ မှတ်ပုံတင် ၊ သန်းခေါင်စာ ရင်းများအား ပွဲစားအဖြစ် အခကြေးငွေရယူ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူ များက ဆိုသည်။

“ဒါ ကနဦး တိုင်ကြားချက် ဖြစ်မှာပေါ့။ လူတွေက အရင် ခေတ်ကလို ထုတ်ဖော်ပြောဆိုခွင့် မရကြတော့ဘူးလေ။ ဘယ်သူမှလည်း တက်မရေးရဲတော့ဘူး။ အသံထွက်တာနဲ့ ဖမ်းတာဆိုတော့ ဘယ်သူမှလည်း မပြောရဲကြတော့ဘူး။ ဒါပေမယ့် မဟုတ်တာ လုပ်တဲ့ကိစ္စ တွေမှာတော့ ငြိမ်ခံ မနေဘဲ အခုလို ဆက်တိုက် တိုင်ကြားစာ ပို့တာတော့ လုပ်သင့်ပါတယ်။ အထက်ကလည်း ငွေကြေး ကောက်ခံရင် တိုင်ကြပါလို့ ပြောထားတယ်။”ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးကပြောသည်။

သစ်တောရပ်ကွက် နှင့် ကျောင်းကြီးစု ရပ်ကွက် တို့တွင် အစောထဲကပင် စစ်မှုထမ်း ကင်းလွတ်ကြေး အတွက် အမည်စာရင်း ပါဝင်သူများက သိန်းနှင့် ချီ ထည့်ဝင်ရသလို ၊ အသက် ပြည့်ပြည့် မပြည့်ပြည့် အိမ်တိုင်းစေ့ တစ်အိမ်လျှင် သုံးသောင်းကျပ် အနည်းဆုံး ထည့်နေရကြောင်း ရပ်ကွက်နေ ပြည်သူများထံမှသိရသည်။

ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ညောင်ဖြူစခန်း ရပ်ကွက် ရာအိမ်မှူးကို စတင် တိုင်ကြားမှု ရှိလာကာ ၊ တောင်ကြီးမြို့ပေါ်ရှိ အခြားသော ရပ်ကွက်များတွင်လည်း နောက်ထက် တိုင်ကြားမှုများလည်း ရှိလာနိုင် ကြောင်း ရပ်ကွက်နေ ပြည်သူများက သုံးသပ်ပြောဆိုနေကြသည်။

အတန်းပညာ မတတ်သူအား ရာအိမ်မှူး ခန့်ထားသဖြင့် စည်းဘောင်မဝင်ဘဲ ၊ (၁) ရပ်ကွက်နေ ပြည်သူများမှ နိမ့်ကျသော ၎င်း ၏ လုပ်ဆောင်ချက် များ ကြုံတွေ့နေရခြင်း ၊ (၂) ရပ်ကွက် အတွင်း ပြဿနာရပ်များအား တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ဖြေရှင်းဆောင်ရွက်မှုများမရှိခြင်း ၊ (၃) ရပ်ကွက်နေပြည်သူများမှ စည်းဘောင် မဝင် သော အုပ်ချုပ်မှု ညံ့ဖျင်းမှုများအား သည်းမခံနိုင်၍ အဆိုပါ ဦးအုန်းငွေ ညောင်ဖြူစခန်း ရပ်ကွက် ရာအိမ်မှူး တာဝန်မှ ရပ်ဆိုင်း ဖယ်ရှားပေးရန် တိုင်ကြားထားခြင်း ဖြစ်သည်။

အဆိုပါ တိုင်ကြားစာကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ နှင့် ခရိုင် အုပ်ချုပ်ရေးမှူး ထံ အဆင့်ဆင့် တင်ပြထားကြောင်း သိရသည်။

လမ်းမတော် ရပ်ကွက်၊ မြို့မရပ်ကွက်၊ ကျောင်းကြီးစု ရပ်ကွက်၊ ဘုရားဖြူရပ်ကွက် ရှိ အုပ်ချုပ်ရေးမှူး ၊ စာရေးမ များတို့သည် လည်း လူပြောများနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ထို့ပြင် တောင်ကြီးမြို့ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး များကို အသစ်ပြောင်းလဲ သွားမည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

တောင်ကြီးမြို့ တွင် စစ်မှုထမ်း ဥပဒေအကြောင်း ပြ၍ အိမ်တိုင်းစေ့ ငွေကြေးကောက်ခံခြင်းကို ၂၀၂၄ ခုနှစ် တွင် စတင်ကောက်ခံခဲ့ကြပြီး ရပ်ကွက်တိုင်းငွေကြေးထည့်ဝင်ရကြောင်း သိရသည်။

#PPV-006
#Humanright
#ညောင်ဖြူစခန်းရပ်ကွက်
#တောင်ကြီး
#စစ်မှုထမ်း

ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။