ခမ်းသားငေါဝ်း
မတ်လ ၁၅၊၂၀၂၅

စစ်ကောင်စီတပ် ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ အနီးရှိ ဝါရီကောခူ ကျေးရွာမှ ဒေသခံ နှစ် ဦးထိခိုက်ဒဏ်ရာရှိခဲ့‌ ကြောင်းတော်လှန် ရေးရဲ ဘော်တစ်ဦးထံမှသိရသည်။

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ စစ်ကောင်စီအ‌ခြေစိုက် ခမရ ၄၂၂ တပ်မှ မတ်လ ၁၄ ရက်နေ့ညပိုင်းအချိန်တွင် လက်နက်ကြီး ပစ်ခတ်ခဲ့ သော ကြောင့် ဝါရီကောခူကျေးရွာအတွင်းကျ ရောက် ပေါက်ကွဲ ခဲ့ခြင်းဖြစ် သည်။

” မိုးဗြဲမှာလည်းထိ တွေ့တိုက်ပွဲ တွေပြင်းထန်ဖြစ်နေ တော့ စစ်ကောင်စီဖက်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အမြဲပစ်နေတာ၊ မနေ့ကတော့ ဝါရီကောခူရွာထဲ လက်နက်ကြီးကျတယ်လို့ကြားတယ်၊ ဒေသခံ နှစ်ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရတယ်” ဟုတော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်း ကိုပြောသည်။

တိုက်ပွဲအတွင်းအထိနာနေသော စစ်ကောင်စီသည် ပြည်သူများကိုဦးတည်တိုက်ခိုက်နေသောကြာင့် ပြည်သူများ သတိထားနေထိုင် စေလိုကြောင်း ၎င်း ကဆက်ပြောသည်။

” ရှေ့နေ့ကတိုက်ပွဲ တွေမှာစစ်ကောင်စီက တော်တော်လေးအထိနာသွားတယ်၊ သူတို့ရဲ့ လုပ်ရိုးအတိုင်းပဲ တိုက်ပွဲမှာအထိနာရင် ပြည်သူတွေကိုပဲ ဦးတည်တိုက်ခိုက် နေတာမျိုးလုပ်‌တော့ ၊ ပြည်သူတွေ အနေနဲ့ သတိနဲ့နေထိုင်ဖို့လိုတယ်၊ ဘေးကင်းတဲ့ နေရာ တွေမှာရွေ့ ပြောင်းနေထိုင်နိုင်ရင် အကောင်းဆုံးပါ” ဟု၎င်း ကဆက်ပြောသည်။

စစ်ကောင်စီတပ်က မိုးဗြဲ မြို့ကို ပြန်လည်ရယူရန် လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူများ အလွန်အကြူးအသုံးပြုနေပြီး အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုးလာကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွ့တိုက်ပွဲများဖြစ်ပွားနေလျက်ရှိသည်။

photo KPV

#PPV 003
#Humanright
#ဝါရီကောခူ
#လက်နက်ကြီး

ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။