ခမ်းသားငေါဝ်း

မတ် ၁၂၊ ၂၀၂၅

မင်းပလောင်ရွာရှိ စစ်ဘေးရှောင်များ ယားနာဖြစ်ကြပြီး ဆေးဝါးများအကူအညီလိုအပ်နေကြောင်း ဓနုပြည်နယ် အမျိုးသားရေးတပ်မတော် တာဝန်ရှိသူထံက မတ်လ ၁၂ ရက်တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ရွာရှိစစ်ရှောင်များ လူဦးရေနှစ်ရာအတွက် ဆေးဝါးများအကူအညီလိုအပ်နေသည်။

“ယားနာကရေမသန့်လို့ဖြစ်တာဗျ ရေမသန့်လို့ဖြစ်တဲ့တခြားသောရောဂါတွေလည်း စိတ်ပူနေရတယ်ဗျ ဥပမာဝမ်းရောဂါလိုမျိုးပေါ့ ရောဂါလက္ခဏာကတော့အနီစက်လေးတွေထတယ်ပြီးတော့ ယားတယ် တစ်ချို့က ယားလို့ကုတ်ရာကနေအနာတွေတောင်ဖြစ်ကြတယ်”ဟု ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်မတော်(DSNDA) တာဝန်ရှိသူကပြောသည်။

ရွာကိုမီးရှို့ခံရပြီးသည့်နောက်် ရွာပေါ်တက်မနေပဲတောထဲတွင်သာသွားနေကြရသောကြောင့် ယားနာရောဂါသည်၎င်းရေမသန့်ရှင်းမှုနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကတဆင့် ဖြစ်ပွားရာတွင် ဇန်နဝါရီလမှယနေ့ထိတိုင်နှစ်လခွဲရှိပြီဖြစ်ကြောင်း သိရသည်။

“တစ်ယောက်နှစ်ယောက်ဖြစ်ခါစကတော့ ကျွန်တော်တို့မိုက်ခရိုဇုန်းကွန်ပေါင်း(microzole compound)လို့အများခေါ်စာတန်းနီဝယ်ကူပေးခဲ့သေးတယ်။လူဦးရေပိုများလာတော့ကျွန်တော်တို့လဲအများကြီးမတတ်နိုင်ဘူးလေ”ဟု၎င်းဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)ကတာဝန်ရှိသူက ဆက်ပြောသည်။

ထို့ကြောင့်ယားနာရောဂါခံစားနေရသည့်ကလေးနှင့်လူကြီးများသည်လိမ်းဆေး၊စားဆေးနှင့်ထိုးဆေးများဖြစ်ပြီးဝမ်းရောဂါကြိုတင်ကာကွယ်ရန်အတွက်မဟာဖြေဆေး၊ဝမ်းနှင့်ဆိုင်ရာသောက်ဆေးလည်းလိုအပ်နေကြောင်းသိရသည်။

PPV009
ပုံ-CJ
#ကျန်းမာရေး
#လူ့အခွင့်အရေး
#ရွာငံမြို့နယ်
#မင်းပလောင်ရွာရှိစစ်ရှောင်များ
#ဆေးဝါးများအကူအညီလိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။