ခမ်းသားငေါဝ်း
မတ် ၁၁၊ ၂၀၂၅
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းများ စတင်အသုံးတိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ထံမှသိရသည်။
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲတွင် တိုက်ပွဲများပြင်းထန် နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ကာမီကာဇေ အသေခံ ဒရုန်းများဖြင့် စတင် အသုံးပြု တိုက်ခိုက်ေနသည်။
” အဲ့နေ့တိုက်ပွဲမှာအသေခံဒရုန်း တွေပါလာတယ်၊ နည်းပညာတွေ ပို့မြင့်ပြီးတိုက်ခိုက်နေတာဖြစ်တယ်၊ အဲ့ဒရုန်းတွေက ပစ်မှတ်ကို ရှာပြီး အသေခံဖျက်ဆီးပစ်နိုင်တော့ ကျွန်တော်တို့အတွက်စိုးရိမ်စရာတော့ ဖြစ်တယ်၊ လောလောဆယ် မှာတော့ အဲ့ဒရုန်းကြောင့်ထိခိုက်မှုတွမရှိ သေးပါဘူး” ဟုတော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင်လည်း ဒီမောဆိုအနောက်ခြမ်းကို စစ်ကောင်စီ၏ ကာမီကာဇေအသေခံ ဒရုန်း ၂ စီးစစ်ဘေးရှောင် စခန်းတစ်ခုအနီး ကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် နည်းလမ်းမျိုးစုံကြိုးပန်းနေပြီး စစ်ကြောင်းထိုးမှုများနေ့စဉ်ပြုလုပ် နေကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေလျက်ရှိသည်။
PPV 003
ပုံ-မိုးဗြဲ PDF
#တိုက်ပွဲ
#စစ်ရေး
#မိုးဗြဲတိုက်ပွဲ
#ကာမီကာဇေ
#အသေခံဒရုန်းများ
#တော်လှန်ရေးတပ်ဖွဲ့ဝင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။