ခမ်းသားငေါဝ်း
မတ် ၁၁၊ ၂၀၂၅

ဒူဘိုင်းတွင် ပညာသင်ကြားရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) မှ ပေးအပ်ထားသည့် ဆေးပညာ ဘွဲ့လက်မှတ်ဖြင့် ပညာဆက်လက်သင်ကြားမှုအတွက် နိုတြီပြန်ရာမှာ ပါဝင်ခဲ့သူ ခုနှစ်ဦးအား စစ်ကောင်စီသည် မတ်လ ၁၀ ရက်နေ့တွင် အရေးယူဖမ်းဆီးထားကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ကေဇင်ထွန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး) မှ ဆေးပညာဘွဲ့လက်မှတ်ရရှိခဲ့ပြီး ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိဘဲ ပြည်ပသို့ ထွက်ခွါသွားခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် NUG မှ ပေးအပ်သည့် ဆေးတက္ကသိုလ် (မန္တလေး) ဆေးပညာဘွဲ့လက်မှတ်ကို နိုတြီပြန်ပြီး ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်အတွက် လျှောက်ထားခဲ့သူဖြစ်သည်။

၎င်းလျှောက်ထားမှုနှင့်ပတ်သက်၍ သံသယရှိသဖြင့် ဒူဘိုင်းမြို့ရှိ The Data flow Group Company မှ ဘွဲ့လက်မှတ်အား စစ်ဆေးပေးရန် မတ်လ ၄ရက်နေ့တွင် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ် (မန္တလေး) သို့ အကြောင်းကြားလာသဖြင့် ဘွဲ့လက်မှတ်ကို စိစစ်ခဲ့ရာ တရားမဝင် လက်မှတ် ဖြစ်နေကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားပါသည်။

ထို့ကြောင့် NUG မှ ပေးအပ်သည့်လက်မှတ်ကို နိုတြီပြန် သူအား မတ်လ ၅ ရက်တွင် Notary ဆိုင်ပိုင်ရှင် ရှေ့နေလှဝင်း၊ လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင် ဇာနည်လွင် (ခ) လပြည့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးတို့ ၃ ဦး အပြင် မတ်လ ၆ ရက်တွင် Notary ဌာနစိတ်(ရန်ကုန်) မှ နိုင်နိုင်လတ်နှင့် မောင်မောင်ချစ်စန်းဦး၊ Notary ဆိုင်ပိုင်ရှင် အေးသီတာနှင့် Angel Online Notary Service လုပ်ကိုင်သူ အိလဲ့လဲ့ထွန်းတို့ ၄ ဦးအား ဖမ်းဆီး ထားကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် NUG မှ ထုတ်ပေးသည့် လက်မှတ်ကို နိုတြီ ပြန်ခဲ့သူ နှင့်ပက်သက်သူ အားလုံးကို ထိရောက်စွာ အရေးယူသွားမည်ကြောင်းကိုရေးသားထားသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဒူဘိုင်းတွင်
#အမျိုးသားညီညွတ်ရေးအစိုးရ
#NUG
#ဆေးပညာဘွဲ့လက်မှတ်
#ပညာဆက်လက်သင်ကြားမှုအတွက်
#နိုတြီပြန်ရာမှာပါဝင်ခဲ့သူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။