ခမ်းသားငေါဝ်း
မတ် ၁၀၊ ၂၀၂၅
တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းတွင် အရာခံရဲ သန်းဌေးက အကျဉ်းသားများထံ ငွေညစ်တောင်းခံခြင်း၊ ရိုက်နက်နိုပ်စက် ခြင်းများ ရှိနေကြောင်း နီးစပ်သူထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းတွင် အချုပ်မှအကျဉ်းထောင်သို့ မသွားလိုသေးသူများထံ ၁၀ သိန်း၊ ဆေးကုသခံလိုသည့်အကျဉ်းသားများထံ ၁ သိန်း၊ အကျဉ်းသားထံလာတွေ့သည့်သူများထံ ကင်းမှူး၊ ကင်းသားများအား ၂ သောင်းကျပ် ငွေညစ်တောင်းခံပြီး အကျဉ်းသားများထံ ထမင်း၊ ဟင်း အတင်ရောင်းခြင်းများ ရှိနေသည်။
“အချုပ်ကနေ အကျဉ်းကိုမသွားချင်တဲ့သူတွေ ဗိုလ်ကြီးကို ၅ သိန်း အရာခံကို ၅ သိန်းပေးရတယ် ပုံစံထမင်းအပြင် ထမင်းထပ်မံဝယ်စားရတယ် မူးယစ်ဆေး ရောင်းချမှုလည်းရှိတယ် ကန်စွန်းရွက်ရေလုံပြုက်တွေ အသားဟင်းတွေလည်း ညစ်ပတ်နေတာကို အတင်းရောင်းချတယ်” ဟု နီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ရေလုံပြုက်ဟင်းရည်အား တစ်ပွဲ ၃ ထောင်ကျပ်၊ အသားဟင်းကို တစ်ပွဲ ၆ ထောင်ကျပ်ဖြင့် အတင်းရောင်းချနေကြောင်း ၎င်းကဆက်ပြာသည်။
“အသားဟင်းက ၃ ဖတ်ပဲပါတယ် မဝယ်ရင်အပြောခံရတယ် ကြားထဲအရက်ဖိုးအသေးအမွားတွေလည်း ပေးရတယ်။” ဟု နီးစပ်သူတစ်ဦးက ဆက်ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ရဲစခန်းရှိအချုပ်ခန်းအပြင် အကျဉ်းထောင်များတွင် အကျဉ်းသားများထံ ငွေညစ်ယူတောင်ခံခြင်း၊ ညင်းပန်းနိစ္စက်ခြင်း၊ ထောင်မှူးများ၊ ရဲအရာရှိများမှ အကျင့်ပျက်ချစားခြင်းများ ဆိုးရွားလာကြောင်း သိရသည်။
PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#နယ်မြေ ၂
#ရဲစခန်း
#အကျဉ်းသားများ
#ငွေညစ်တောင်းခံခြင်း
#ရိုက်နက်နိစ္စက်ခြင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။