ခမ်းသားငေါဝ်း
မတ်လ ၉၊ ၂၀၂၅

ဖယ်ခုံက ဆရာတော် ၁ ပါးနှင့်အမျိုးသား ၁ ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ပျားစစ်ကြောင်းက သဘောထားထုတ်ပြန် ဝန်ခံထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာရှိ (ဖယ်ခုံမြို့- ရှမ်းဘုန်းကြီးကျောင်း) မှ ကျောင်းထိုင် သံဃာတော် တစ်ပါးနှင့်ကပ္ပိယ အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် မတ်လ ၄ ရက်၊ ညနေပိုင်းက လက်နက်ကိုင်လူတစ်စုက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပါတ်သက်ပြီး ကျောင်းထိုင် ဆရာတော်အရှင် ဓမ္မသာရ (ခ) ဦးဇင်းပိန်သည် တော်လှန်ရေးကို ထိပါးဟန့်တား နှောင့်ယှက်သူ၊ စစ်ကောင်စီသက်ဆိုးရှည်ရန် ပေးကူထောက်ပံ့နေသူဖြစ်ပြီး ကပ္ပိယဖြစ်သူ အိုက်ပီးသည်လည်း ဒလန်အဖြစ် လုပ်ကိုင်နေကြောင်း သတင်းတိကျခိုင်မာသည့်အတွက်ယခုလိုရှင်းလင်း လိုက်ခြင်းဖြစ်ကြောင်း ပျားစစ်ကြောင်းတာဝန်ခံက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။

ဘယ်အကြောင်းပြချက်ဖြင့် ဖြစ်စေ လက်နက်မဲ့သံဃာတော်နှင့် ပြည်သူကို ပစ်ခတ်သတ်ဖြတ်သည်ကို ကန့်ကွက်ရှုတ်ချပြီး ဒေသတွင်းတာဝန်ရှိသူများအနေဖြက့် ပွင့်လင်းမြင်သာမှုရှိစွာ အမြန်ဆုံးစစ်ဆေးပေးရန်နှင့် တရားမျှတမှုရှောင်ကျဉ်းပေးကြဖို့ ရှမ်းအရပ်ဘက်အဖွဲ့အစည်း ၁၀ ဖွဲ့က တောင်းဆိုထားသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က တရားမျှတမှုနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီအပါအဝင် နယ်မြေခံတော်လှန်ရေးတပ်ပေါင်းစုံနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း ပျားစစ်ကြောင်းက ယခုလိုဝန်ခံလိုက်သည့်အပေါ် လက်လွတ်စပယ်လုပ်ရသည့် ကိစ္စနှင့်ပါတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် IEC က အမြန်ဆုံး ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။

#ppv002
#Humanright
#ပျားစစ်ကြောင်း
#ဖယ်ခုံ
#သံဃာ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။