ခမ်းသားငေါဝ်း
မတ် ၁၀၊ ၂၀၂၅
ဒီမော့ဆိုအနောက်ဘက်ရှိစစ်ရှောင်နှင့် ဒေသခံပြည်သူများဆေးဝါးအကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။
(ကယား)ကရင်နီပြည်၊ ဒီမော့ဆိုအနောက်ဘက်ရှိစစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများ လူဦးရေငါးသောင်းခန့်အတွက် ဆေးဝါးများအကူအညီလိုအပ်နေသည်။
“ကလေး ၊အမျိုးသား ၊အမျိုးသမီးအရွယ်တိုင်းမှာယားနာတွေဖြစ်နေတယ်။ တစ်ကိုယ်လုံးမှာခြေလက်မကျန်ခန္ဓာကိုယ်အတွင်းပိုင်းတွေထိအကုန်ယားနေတာတွေရှိတယ်။”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။
ယားနာသည့်ရောဂါဝွေဒနာများကို၂၀၂၄ခုနှစ်လွန်ခဲ့သည့်နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှယနေ့ထိဖြစ်ပွားနေကြောင်း သိရသည်။
“သူတို့ယားတဲ့ပုံစံကလည်းမတူကြဘူး။ တစ်ချို့ကအခြောက်ယားတာရှိတယ်။ တစ်ချို့ကအစိုယားတာရှိတယ်။ တစ်ချို့ဆိုပြည်သယ်တာရှိတယ်။ တစ်ချို့ခါကျတော့ရေကြည်ဖုတွေဖြစ်တယ်။ တစ်ချို့ကျပွေးတွေလိုမျိုးယားတာရှိတယ်။ ပုံစံအမျိုးမျိုးနဲ့ယားနေကြတယ်ပေါ့နော်”ဟု၎င်းစစ်ဘေးရှောင်ကူညီသူတစ်ဦးကဆက်ပြောသည်။
ယားနာဖြစ်ပွားရသည့်အကြောင်းရင်းသည် ရေမသန့်ရှင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းမှုကြောင့်နှင့် ချောင်းရေမှရေလွတ်လိုက်သည့်ရေမြောင်းအတိုင်းစီးဆင်းသွားစဥ်တွင်ခြုံပုတ်နှင့်ပိုးကောင်များဖြတ်ကျော်ပြီးလျှင် ချောင်းထဲတွင် ကြက်သေ၊ခွေးသေနှင့်အညစ်အကြေးစွန့်ပစ်မှုကြောင့် ရေများညစ်ညမ်းခဲ့ရကြောင်း သိရသည်။
“ကျွန်မရဲ့ထင်မြင်ချက်အနေနဲ့ဆိုရင်ယမ်းငွေ့၊ ယမ်းစနဲ့လေထုညစ်ညမ်းမှုကြောင့်ထင်တယ်ပေါ့နော်နောက်တစ်ခုက ကျန်းမာရေးဌာနတွေကိုဂရုတစိုက်စစ်ဆေးလေ့လာပေးဖို့လိုတယ်လို့ ကျွန်မအနေနဲ့မြင်တယ်ပေါ့နော်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။
ထို့အပြင်အကြောအားဆေး၊ သွေးတိုးကျဆေးနှင့်ထိန်းဆေး၊ ညဘက်တွင်အိပ်မပျော်ပဲစိတ်ကစဥ်ကလျာဖြစ်ခြင်းကြောင့် စိတ်ငြိမ်ဆေးလိုအပ်ခြင်း၊သွေးကျောကျဥ်း အမောဖောက်ခြင်းနှင့်နှလုံးရောဂါကြုံရခြင်းကြောင့် နှလုံးရောဂါပျောက်ဆေးလိုအပ်ခြင်း၊ အားဆေး၊အမျိုးသမီးလစဥ်သုံးနှင့်သန္ဓေတားဆေးများလည်းလိုအပ်နေကြောင်းသိရသည်။
အမျိုးသမီးအဖွဲ့ရှိပေမည့်လည်း အနည်းငယ်သာရှိသောကြောင့် နေရာတိုင်းတွင်လုံလောက်စွာမထောက်ပံ့နိုင်သလို တစ်ကိုယ်ရေသန့်ရှင်းရေးရှိရန်လစဥ်သုံးပစ္စည်းမသုံးရလျှင် ယခုလိုယားယံခြင်းအပြင်အခြားသောရောဂါများကူးစက်ခံရမည်ကိုစိုးရိမ်ကြောင်းသိရသည်။
PPV009
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကယား
#ကရင်နီပြည်
#ဒီမော့ဆိုအနောက်ဘက်
#စစ်ဘေးရှောင်နှင့်ဒေသခံပြည်သူများ
#ဆေးဝါးများအကူအညီလိုအပ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။