ခမ်းသားငေါဝ်း
မတ်လ ၉၊ ၂၀၂၅

မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်သန်လာစေရန်ပထမဆုံးအကြိမ်ထနော့အမျိုးသားနေ့ကို တောင်ပို့လှရွာတွင် မတ်လ ၈ ရက်နေ့ကစတင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ၊ ကလောမြို့နယ် ငုတ် ကျေးရွာ အုပ်စု ၊ တောင်ပို့လှ ကျေးရွာတွင်ပထမဆုံးအကြိမ်မြောက် ထနော့ အမျိုးသားနေ့ အခမ်းအနားကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

“ထနော့တိုင်းရင်းသားများ အမျိုးသားရေး စိတ်ဓါတ် နှင့် မျိုးချစ်စိတ်ဓါတ်များ ရှင်သန် ထက်သန်လာစေရန် ၊ ထနော့ တိုင်းရင်းသား သမိုင်းကို မှတ်တမ်းတင်နိုင်ရန်၊ ထနော့ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ၊ ဓလေ့ ထုံးတမ်း အစဉ်အလာများနှင့် အနုပညာများကို ထိန်းသိမ်းရန် ရည်ရွယ်ပြီးကျင်းပတယ်”ဟု ထနော့ စာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ ဖြစ်သူက ပြောသည် ။

ထနော့ တိုင်းရင်းသားတို့သည် စာပေကို ပြုစုရန် ကြိုးစားအားထုတ်နေပြီး ၊ တောင်ပို့လှ နှင့် တောင်ကြီးမြို့နယ် နောင်အင်ကျေးရွာတို့တွင် မှီတင်းနေထိုင်ကြသည်၊။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ၊ ပညာရေး နောက်ကျခြင်း နှင့် တိုင်းရင်းသား အခွင့်အရေး များ ဆုံးရှုံးမှုများ ရှိနေကြောင်း ထနော့ တိုင်းရင်းသား တို့က ဖွင့်ဟပြောဆိုထားကြသည် ။

ထနော့ အမျိုးသားနေ့ အခမ်းအနားသို့ ရှမ်းတိုင်းရင်းသားအဖွဲ့၊ အင်းသား တိုင်းရင်းသား အဖွဲ့၊ ဓနု တိုင်းရင်းသားအဖွဲ့ ၊ ပအိုဝ်း တိုင်းရင်းသားအဖွဲ့ ၊ တောင်ရိုးတိုင်းရင်းသား အဖွဲ့ တို့ တက်ရောက်လာကြ ကြောင်း သိရပါသည် ။

ထို့အပြင် အခမ်းအနားတွင် စာမေးပွဲ အောင်မြင်ခဲ့ကြသော ထနော့ တိုင်းရင်းသား တို့ကို ဂုဏ်ပြုဆုတံဆိပ်များကိုလည်း ပေးအပ် ချီးမြှင့် ပေးခဲ့ကြောင်း သိရသည် ။

#ppv006
#တိုင်းရင်းသား
#ထနော့အမျိုးသားနေ့
#ပထမဆုံးအကြိမ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။