The People’s Voice – ခမ်းသားငေါဝ်း
Fact Check – အချက်အလက်စစ်ဆေးခြင်း

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် ပင်လျံကျေးရွာတွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် မီးလောင်ဗုံး ကြဲချခဲ့မှု ကြောင့် မီးလောင်ပျက်စီးသွားခဲ့ရသည့် ပင်လျံဘုန်းကြီးကျောင်းကို ပြန်လည်ဆောက်လုပ်ရန်အတွက် မတ်လ ၅ ရက်နေ့က အုတ်မြစ်ချသည့်အကြောင်းကို စစ်ကောင်စီအားပေးအားမြောက်သူ လော်ဘီတယ်လီဂရမ်အ ကောင့် ချန်နယ်မှ ရေးသားဖြန့်ဝေထားမှုကို တွေ့ရှိခဲ့ပါသည်။

ထိုရေးသားဖြန့်ဝေခဲ့သည့် အကြောင်းအရာထဲတွင် “ပင်လျံကျေးရွာဘုန်းတော်ကြီးကျောင်းသည် ယခင်နှစ်က အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည်”ဟု ရေးသားဖြန့်ဝေထားပါ သည်။ စစ်ကောင်စီ ဝါဒဖြန့်သူအသုံးပြုထားသည့် “အကြမ်းဖက် သောင်းကျန်းသူများ” အခေါ်အဝေါ်သည် ထိုအချိန်တွင် ပင်လျံကျေးရွာ၌ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ကို ရည်ညွှန်းရေးသားထားသည်ဟု ခမ်းသားငေါဝ်းမှ ယူဆရပါသည်။
ထိုအကြောင်းအရာကို စစ်ကောင်စီအားပေးအားမြောက်သူတယ်လီဂရမ်အကောင့်ချန်နယ်ဖြစ်သည့် ရွှေနေကြာ အကောင့်တစ်ခုမှ မတ်လ ၆ ရက်နေ့တွင် ရေးသားဖြန့်ဝေထားပါသည်။ ထိုဖြန့်ဝေမှုကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရှူ့သူ ၃၆၂ ဦး လိုက်နှင့်ရီအက် ပြုလုပ်သူ ၁၄ ဦးထိ ရှိနေပြီး ဖြစ်ပါသည်။

သတင်းဖြန့်ဝေသည့် လင့် – https://archive.ph/hfzgC

ဝါဒဖြန့်ချိထားသည့် အကြောင်းအရာကို ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးရေးအဖွဲ့မှ ယုံကြည်စိတ်ချရ သည့် သတင်းမီဒီယာဌါန၏ ရေးသားဖော်ပြထားမှုများနှင့် အဖြစ်ပျက်ကို လက်လှမ်းမှီခဲ့သည့် ဒေသခံထံဆက် သွယ်စိစစ်သည့်အခါ ဝါဒဖြန့်သူက စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်ပေးပြီး တစ်ဖက်အ ဖွဲ့အစည်းကို စွပ်စွဲ ရေးသားဖြန့်ဝေထားသော သတင်းတုသတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

သတင်းစစ်ဆေးချက်

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၌ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ပင်လျံကျေးရွာ ပင်လျံဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မီးလောင်ဗုံး ကြဲချတိုက်ခိုက်ခဲ့ သောကြောင့် မီးလောင်ပျက်စီးခဲ့ပါသည်။ ဒေသခံများအနေဖြင့် စစ်ဘေး ကြိုတင်တိမ်းရှောင်ထားသည့်အတွက် ယင်းဘုန်းကြီးကျောင်းမီးလောင်မှုထဲတွင် ဒေသခံများ ထိခိုက်မှုမရှိခဲ့ကြောင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဒေသခံ မီဒီယာများဖြစ်သည့် မဲခေါင်သတင်းဌါန၊ ရွှေဖီမြေ နှင့် ခမ်းသားငေါဝ်း တို့၏ ဖော်ပြထားမှုကို တွေ့ရှိရပါသည်။

ရွှေဖီမြေ သတင်းလင့် – https://www.facebook.com/share/p/12MpvgjtmvR/

ခမ်းသားငေါဝ်း သတင်းလင့် -https://www.facebook.com/share/p/15phhbAzuz/

မဲခေါင် သတင်းလင့် – https://www.facebook.com/share/p/15CmEUUZjX/

ဒါအပြင် ဗွီအိုအေသတင်းဌါန၊ RFA၊ မဇ္ဈိမ နှင့် Kachinwaves စသည့် ယုံကြည်စိတ်ချရသည့် သတင်းမီဒီယာဌါန တို့မှာလည်း စစ်ကောင်စီမှ လေယာဥ်ဖြင့် မီးလောင်ဗုံးကြဲချခြင်းကြောင့် ပင်လျံကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ရကြောင်းကို ဒေသခံအသံများနှင့်အတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၌ ဖော်ပြရေး သားထားမှုကို တွေ့ရှိရပါသည်။

ထိုပင်လျံဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခံခဲ့ရမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “မဲနယ်တောင်ဘက်မှာ တိုက်ပွဲမဖြစ်ဘဲနဲ့ ပင်လျံဘုန်းကြီးကျောင်းမှာ စစ်တပ်က လေယာဉ်နဲ့ လာကြဲသွားတာဗျ။ အဲဒါ မီးလောင်သွား တယ်။ အခုက ဘုန်းကြီးကျောင်းတွေပဲ ဖြစ်နေတာ။ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထားသလိုပဲ” ဆိုပြီး RFA ထံ အတည်ပြုပြောကြားထားသည်ကို တွေ့ရှိရပါသည်။
RFAသတင်းဖော်ပြချက်လင့်- https://www.rfa.org/burmese/news/airstrike-in-hopong-02282024233649.html

မဇ္ဈိမ သတင်းလင့် – https://www.facebook.com/share/p/19zFsojzSu/
Kachinwaves သတင်းလင့် -https://www.facebook.com/watch/?v=2011003212633687

VOAသတင်းလင့် – https://burmese.voanews.com/a/military-regime-air-strike-southern-shan-state-and-bunt-down-a-monastery-/7506744.html

ပင်လျံကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်ခံခဲ့ရမှုနှင့် ပတ်သက်၍ “အဲအချိန်တုန်းက ပင်လျံကျေးရွာကို စစ်တပ် (စဲ့မန်း)က မီးလောင်ဗုံးနဲ ကြဲတာ လူတိုင်းသိတယ် သူတို့ လက်အောက်က PNO ပြည်သူ့စစ်ကတောင်သိတယ် PNLA ရွာထဲ ရှိလို့ အကြောင်းပြချက်နဲ စစ်တပ်(စဲ့မန်း)က ကြဲတာ ဘာညာနဲတောင် သူတို့ပြောခဲ့သေးတယ်။ လေယာဥ်နဲ ကြဲပြီးဆိုကတည်းက စစ်တပ်ဘဲရှိတယ်။ ပင်လျံကျေးရွာမှာ စစ်တပ်နဲ PNO ဘက်က အကြီးအကဲ တစ်ယောက်အိမ်ရှိတယ်လေ အဲတာသူ့အိမ်ကို PNLA တွေ လာမွေနှောက်မှာဆိုးလို့ စဲ့မန်းကို လေယာဥ်နဲ့ ကြဲချ ခိုင်းတာလို့လည်းကြားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကို အတည်ပြု ပြောဆို ထားပါသည်။

သုံးသပ်ချက်

ပင်လျံကျေးရွာတွင် မီးလောင်ပျက်စီးသွားခဲ့သည့် ပင်လျံဘုန်းကြီးကျောင်းကို ပြန်လည်ဆောက်လုပ်ရန်အတွက် အုတ်မြစ်ချသတင်းသည် သတင်းမှန် ဖြစ်ပါသည်။

သို့သော် ဝါဒဖြန့်ချိသူများ ရေးသားထားသည့်အတိုင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် မီးလောင်ပျက်စီးခဲ့ဆိုသည့် အကြောင်းအရာမှာ သတင်းအမှား ဖြစ်ပါသည်။

စစ်ကောင်စီမှ လေယာဥ်ဖြင့် မီးလောင်ဗုံး ကြဲချခဲ့ခြင်းကြောင့် ပင်လျံကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားခဲ့ရကြောင်းကို ဒေသခံပြောကြားချက်နှင့် ယုံကြည်စိတ်ချရသည့် သတင်းမီဒီယာများ၏ ဖော်ပြရေးသားထားမှုများကို စစ်ဆေးတွေ့ရှိရပါသည်။

စစ်ကောင်စီကို အားပေးအားမြောက်ပြုနေသူများသည် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ပေးလိုရန်အတွက် အခြားဆန့်ကျင်ဘက် အဖွဲ့အစည်းများသို့ လွဲချပြောဆိုလေ့ ရှိပါသည်။ ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးထားသည့် အကြောင်းအရာအချို့
လင့် – https://www.facebook.com/share/p/18oYP2Pmfk/
လင့် – https://www.facebook.com/share/p/16D7xSErPx/

သတိပြုရန်

ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုကွန်ယက်ပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာများကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါန မှ သတင်းများကိုဝင်ရောက်ဖတ်ရှုရန် အကြံပြုတိုက်တွန်းလိုပါသည်။ ထို့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင် ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်းဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

#သတင်းတုသတင်းမှား
#factcheck