ခမ်းသားငေါဝ်း
မတ် ၇၊ ၂၀၂၅
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ အုံတိုင်းဘုန်းကြီးကျောင်းတွင် မတ်လ (၄)ရက်နေ့က ကျောင်းထိုင်ဆရာတော်နှင့် ဒါယကာ(၁)ဦးတို့ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပွားကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသတွင်း အုပ်ချုပ်သူများ အနေဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ အမြန်ဆုံး စစ်ဆေးပေးရန်နှင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးရန် ဖယ်ခုံရှမ်းလူငယ်များအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်း(၁၀)ဖွဲ့မှ မတ်လ(၆)ရက်တွင် ထုတ်ပြန် တောင်းဆိုထားသည်။
သတ်ဖြတ်ခြင်း ခံရသော ဆရာတော် ဦးဓမ္မသာရသည် ဖယ်ခုံမြို့နယ် ရှမ်းကျောင်းတွင် လွန်ခဲ့သည့် (၈)နှစ်ကတည်းက ကျောင်းထိုင် ဆရာတော်အဖြစ် ရှမ်းစာပေယဉ်ကျေးမှု လုပ်ငန်းများ၊ ရွှေဓမ္မရောင်ခြည်လူမှုကူညီရေးအသင်း စသော လူမှုရေး လုပ်ငန်းများကို အစဉ်အားပေးကူညီနေသူ ဖြစ်သည့်အပြင် ဒေသခံစစ်ဘေးရှောင်သူများကိုလည်း ကူညီပေးသူ၊ မည်သည့် အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းလုံးဝမရှိသူ ဖြစ်ကြောင်း သိရသည်။
“ဆရာတော်က အများအတွက် ကူညီတတ်သူပါ။ ကျနော်တို့အတွက်က အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ အခုက သတင်းကတော့ အမျိုးမျိုးထွက်နေတာပေါ့။ အမှန်တရား ပေါ်ပေါက်ဖို့ ဝိုင်းဝန်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဆရာတော်နှင့် ဒါယကာဖြစ်သူတို့ကို သတ်ဖြတ်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပြီး မလိုလားအပ်သော လူမျိုးရေး၊ ဘာသာရေး ပဠိပက္ခများကိုပါ ဦးတည်လာစေကြောင်း ထုတ်ပြန်တောင်းဆိုချက်တွေ ဖော်ပြထားသည်။
မည်သည့် အကြောင်းပြချက်ပင် ဖြစ်စေကာမူ လက်နက်မဲ့ သံဃာတော်နှင့် ပြည်သူကို ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဖယ်ခုံရှမ်းလူငယ်များအသင်းနှင့် ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြထားသည်။
ထို့အတူ ဆရာတော်နှင့် ကိုစိုင်းပီးတို့၏ နစ်နာဆုံးရှုံးမှုအတွက် ဝမ်းနည်းကျေကွဲနေသော ပြည်သူများနှင့်အတူ ရပ်တည်ကာ လိုအပ်သော ပွင့်လင်းထင်ရှားသော တရားမျှတမှုအတွက် ဆက်လက်တောင်းဆို လှုံ့ဆော်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
အလားတူ ဖယ်ခုံ PDF(1006)တပ်ရင်းမှလည်း ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားသော အမှုမှန် ပေါ်ပေါက်ရေးအတွက် ပအဖများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့နယ်
#အုံတိုင်းဘုန်းကြီးကျောင်း
#ကျောင်းထိုင်ဆရာတော်
#ဒါယကာ
#လက်နက်ကိုင်တပ်ဖွဲ့
#ပွင့်လင်းမြင်သာမှုရှိစွာ
#စစ်ဆေးပေးရန်
#တရားမျှတမှုကိုဆောင်ကြဉ်းပေးရန်
#ဖယ်ခုံရှမ်းလူငယ်များအသင်း
#မိတ်ဖက်အဖွဲ့အစည်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။