ခမ်းသားငေါဝ်း
မတ်လ ၆၊ ၂၀၂၅

စင်းသင်းကောင်ခယ်ႏဒေသအတွင်း ရှမ်း၊ ပအိုဝ်းနှင့်အခြားတိုင်းရင်းသားတို့အတွက် ငြိမ်းချမ်းရေးရေရှည်တည်တံ့စွာ ထိန်းသိမ်းပေးသည့် ဖြားတန်ဆရာႏယုဲင်း လူကြီးရောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် စင်းသင်းကောင်ခယ်ႏဒေသ မျင်ႏမိုရ်ႏခမ်းဒုခမ်းဗွေႏ ဖြားတန်ဆရာႏယုဲင်းသည် ၂၀၂၅ ခုနှစ် မတ်လ(၅)ရက်နေ့၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း နီးစပ်သူဒေသခံတစ်ဦးထံမှ သိရသည်။

ဖြားတန်ဆရာႏယုဲင်း၏ရုပ်အလောင်းကို နမ့်စန်မြို့၊ တုဲင်ꩻကောဝ်ရွာဘုန်းကြီး ကျောင်းတွင်ထားရှိပြီး မတ်လ(၈) ရက်နေ့တွင် တုဲင်ꩻကောဝ်သုတ်သန်သို့ပိုဆောင် သင်္ဂြိုလ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“အခုလိုမျိုးအသက်ထွက်သည်အထိ ကိုယ့်အမျိုးသားတာဝန်ကို ထမ်းဆောင်သွားသည့် လူတစ်ယောက် ဆုံးရှုံးလိုက်ရတာဟာ ပြောစရာစကားမရှိလောက်အောင်ပဲ၊ သူကတော်လှန်ရေးထဲစဝင်ချိန်ကတည်းက ပအိုဝ်းအမျိုးသားအတွက်ဆိုရင် အသက်သွေးချွေးနဲ့ရင်းပြီးလုပ်လာတာ သူသွားနိုင်လာနိုင်တဲ့အချိန်တုန်းကဆိုလည်း တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေပါမကျန် သူ့ကိုအရမ်းလေးစားဂါရဝပြုကြတာ သူကတော်လန်ရေးသမားစစ်စစ်တစ်ယောက်ပဲ”ဟု ပင်လုံဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အသက်(၈၈)နှစ်အရွယ်ရှိပြီဖြစ်သည့် ဖြားတန်ဆရာႏယုဲင်းသည် အသက်(၁၄)နှစ်အရွယ်ကတည်းကပင် ပအိုဝ်းအမျိုးသားတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ယခု စင်းသင်းကောင်ဒေသ မျင်ႏမိုရ်ႏခမ်း ဒုခမ်းဗွေႏတာဝန်ကို ထမ်းဆောင်နေစဥ်အတွင်းကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဖြားတန်ဆရာႏယုဲင်းသည် ပအိုဝ်းပထမတာ်လှန်ရေးခေါင်းဆောင် ဖြားတန်ကောင်ခယ်ႏ၏ သားအရင်းဖြစ်ပြီး စင်းသင်းကောင်ခယ်ႏဒေသဖြစ်သည့် ပင်လုံ၊ နမ့်စန်၊ လွိုင်လင်နှင့် လဲချားမြို့နယ်တို့တွင် ကွယ်လွန်သည်အထိ ပအိုဝ်းအမျိုးသားတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဖြားတန်ဆရာႏယုဲင်းသည် မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် လက်နက်ကိုင် တော်လှန်ရေးထဲသို့ စဝင်သည့်အချိန်မှစ၍ ယခုအချိန်ထိ စိတ်ဓာတ်ပြောင်းလည်းသွားခြင်းမျိုးမရှိပဲ တော်လှန်ရေးစိတ်ဓာတ် အပြည့်ရှိနေသူ အများသူငါလေးစားခံရသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

“ဖါဖြားက ကျွန်တော်တို့ကိုအမြဲပြောဖြစ်တဲ့ စကားရှိတယ် ငါတို့နယ်မြေတွေက ဒီတိုင်းပုံဖော်ရယူခဲ့တာ မဟုတ်ဘူး၊ တောင်းယူထားတာလည်းမဟုတ်ဘူး၊ အသက်သွေးချွေးပေါင်းများစွာရင်းပြီး တော်လှန် ရေးကာလမှာ တိုက်ခိုက်ပြီးမှ ရလာတာ အဲ့တာကို ငွေနဲ့လည်း ဝယ်ယူလို့မရဘူး” ဟု၎င်းက ဆက်ပြောသည်။

ထို့အပြင် မျိုးဆက်သစ်လူငယ်များကိုလည်း အသက်ရှိစဥ်ကာလတစ်လျှောက် “သစ်ပင်ရဲ့အဆက်ကသစ်ပင်၊ ဝါးပင်ရဲ့အဆက်ကလည်းဝါးပင်ပဲ”ဆိုကာ အမြဲသွန်သင်ဆုံးမ ပြောပေးလေ့ရှိကြောင်းသိရသည်။

ဖြားတန်ဆရာႏယုဲင်းသည် စင်းသင်းကောင်ခယ်ႏဒေသတစ်ခုလုံးအတွက် ငြိမ်းချမ်းရေးရေရှည် ရပ်တည်နိုင်ရန် ထိန်းသိမ်းပေးသူလည်းဖြစ်သည့်အတွက် ယခုလိုကွယ်လွန်သွားပြီးနောက် ဒေသတွင်း ကမောက်ကမဖြစ်သွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

#PPV007
#ဖြားတန်ဆရားယုဲင်း
#စင်းသင်းကောင်ဒေသ
#ပင်လုံ
#နမ့်စန်
#ပအိုဝ်းတော်လန်ရေးခေါင်းဆောင်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။