ခမ်းသားငေါဝ်း
မတ် ၆၊ ၂၀၂၅
အမည်မသိ လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုမှ ဖယ်ခုံမြို့- ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းတိုင်ဆရာတော်နှင့် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သက်ခဲ့ခြင်းသည် လူမျိုးရေးပြဿနာနှင့် ဘာသာရေးအထင်အမြင်များလွဲမှားစေရန် မှိုင်းတိုက်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီမှဆိုသည်၊၊
စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ဆရာတော်နှင့် ဒေသခံတစ်ဦးသည် ဖယ်ခုံမြို့၊ အုံတိုင်းကျေးရွာသို့သွားစဉ် လမ်း၌ မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် လက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်းသိရသည်။
ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီမှ အခုကဲ့သို့ လုပ်ရပ်များသည် ဖယ်ခုံမြို့နယ်အတွင်းရှိ လူမျိုးရေးပြဿနာနှင့် ဘာသာရေးအထင်အမြင်များလွဲမှားစေရန် မှိုင်းတိုက်သောလုပ်ရပ်တစ်ခုဖြစ် သည့်အပြင် နိုင်ငံရေး ဘာသာရေး အထိကရုဏ်းဖြစ်စေရန်ဦးတည်ဖန်တီး ခြင်းသာဖြစ်ကြောင်းပြောဆိုထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖယ်ခုံ PDF (1006 တပ်ရင်း) အနေဖြင့် မပြီးဆုံးသေးသည့် တော်လှန်ရေးလမ်းခရီးအပေါ် တပ်ရင်းနှင့် လူထုအကြား သဘောထားကွဲလွဲစေရန်နှင့် သွေးခွဲလုပ်ဆောင်နေသည့် မည်သည်အကြောင်းရင်းများကိုမဆို လက်သင့်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာတွေရှိသည့် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦး သတ်ဖြတ်ရမှုအပေါ် ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီမှ နားဟီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြုလုပ်သူအားစုံစမ်းရှာဖွေထုတ်ဖော်ပြီး အပြစ်ပေးအရေး ယူဆောင်ရွက် သွားမည်ဟုပြောဆိုထားပါသည်။
ထိုအပြင် ဖယ်ခုံ PDF (1006 တပ်ရင်း) မှာလည်း တရားသောအမှုမှန် ပေါ်ပေါက်ရေးအတွက် ပအဖများနှင့် ပူးပေါင်းကာ တပ်ရင်းအနေဖြင့် လိုအပ်သည်များကို ဆောင်ရွက်သွားမည်ဟု အသိပေး ထုတ်ပြန်ထားကြောင်းသိရပါသည်။
PPV0010
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့
#အုံတိုင်းကျေးရွာ
#ကျောင်းတိုင်ဆရာတော်
#အမျိုးသားတစ်ဦး
#သေနတ်ဖြင့်ပစ်သက်ခဲ့ခြင်း
#လူမျိုးရေးပြဿနာ
#ဘာသာရေးအထင်အမြင်များလွဲမှားစေရန် #မှိုင်းတိုက်သောလုပ်ရပ်
#ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။