ခမ်းသားငေါဝ်း
မတ် ၅၊ ၂၀၂၅
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း(၁၂)လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း အမှတ်(၁၀၀၁)တပ်ရင်း မိုးဗြဲ PDFက မတ်လ(၄)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် မိုးဗြဲလွိုင်ကော်လမ်းပိုင်းအား ပြန်လည် ထိန်းချုပ်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိပြီး (၂၀၂၅)နှစ် အစောပိုင်းက အင်အားဖြည့်တင်း၍ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီမှ တိုက်ပွဲဧရိယာမဟုတ်သည့် စစ်ရှောင် ပြည်သူများရှိသည့် နေရာကို လက်နက်ကြီးဖြင့် ပစ်ကူခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် အရပ်သားထိခိုက် သေဆုံးမှုလည်း ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၇)ရက်တွင် (၁၀၀၁)မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ကျရှုံးမှု ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၏ ရုပ်အလောင်း(၁၂)လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရမိခဲ့ကြောင်း ဖော်ပြထားသည်။
ယခုလက်ရှိတွင် မိုးဗြဲမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိန်းချုပ်ထားဆဲဖြစ်ပြီး တိုက်ပွဲချိန် ကြာလာသည်နှင့်အမျှ စစ်ရေးလိုအပ်ချက်များလာသည့် အတွက် ပြည်တွင်းပြည်ပမှ တော်လှန် ညီကိုများအား တစ်ထောင့် တစ်နေရာမှ ကူညီပံ့ပိုးပေးကြရန် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်မှ အကူအညီတောင်းခံထားသည်။
PPV0011
ပုံ- အွန်လိုင်း
#စစ်ရေး
#ရှမ်း-
#ကရင်နီနယ်စပ်
#မိုးဗြဲတိုက်ပွဲအတွင်း
#လက်နက်ခဲယမ်း
#သိမ်းဆည်းရမိ
#PDF
#မိုးဗြဲလွိုင်ကော်လမ်းပိုင်း
#အပြင်းအထန်ထိုးစစ်ဆင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။