ခမ်းသားငေါဝ်း

မတ် ၅၊ ၂၀၂၅

ဓနုဒေသရှိပြည်သူများသည်ရွာအလှည့်ကျစနစ်ဖြင့်စစ်မှုထမ်းစေလွှတ်ပေးနေရကြောင်း မတ်လ ၅ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယနှင့်ရွာငံမြို့နယ်ဒေသရှိဓနုပြည်သူများသည် ရွာအလှည့်ကျစနစ်ဖြင့်စစ်မှုထမ်းစေလွှတ်ပေးနေရသည်။

“ကိုယ်တိုင်ဘယ်သူကမှ မထမ်းချင်ကြတော့ စစ်မှုထမ်းလူငှားဖို့တွက် တစ်အိမ်ကိုတစ်သောင်းငါးထောင်ထည့်ရတယ် များသောအားဖြင့်ကလည်းသား၊ သမီးတွေကနိုင်ငံခြားရောက်နေကြတာလည်းပါတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။

အထက်ပါဖြစ်ရပ်များသည်၂၀၂၄ခုနှစ်၊ဒီဇင်ဘာလမှယနေ့မတ်လထိ လစဥ်လတိုင်းစစ်မှုထမ်းစေလွှတ်ပေးနေရကြောင်းသိရသည်။

PPV009
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ပင်းတယ
#ရွာငံမြို့နယ်
#ဓနုပြည်သူများ
#ရွာအလှည့်ကျစနစ်ဖြင့်စစ်မှုထမ်းစေလွှတ်ပေးနေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။