ခမ်းသားငေါဝ်း
မတ် ၅၊ ၂၀၂၅
ဒီမောဆိုအနောက်ဖက်ခြမ်း ချယ်ရီကုန်း အနီးနားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၆ လုံးကြဲချခဲ့ကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။
ကရင်နီ( ကယား) ပြည်နယ် ဒီမောဆိုအနောက်ဖက်ခြမ်း ချယ်ရီကုန်း အနီးနား၌ မတ်လ ၄ ရက် နေ့လည် ၁၂ ခွဲအချိန်ခန့်တွင် စစ်ကောင်စီကလေကြောင်းဖြင့် ဗုံး ၆ လုံးကြဲချတိုက်ခိုက်ခဲ့သည်။
”နှစ်ခါလာကြဲသွားတယ်၊ အဲ့အနီးတစ်ဝှိုက်ကိုပဲ ၆ လုံးလောက်ကြဲသွားတာ၊ နေရာအတိအကျရယ် ထိခိုက်မှုကိုတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ထိခိုက်မှုအသေးစိတ်ကို ခမ်းသားငေါဝ်းက ဆက်လက်စုံးစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီသည် ကရင်နီပြည်တွင် တိုက်ပွားဖြစ်ပွားခြင်းမရှိသည့်နေရာတွင်လည်း ပြည်သူများကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေလျက်ရှိသည်။
PPV 003
ပုံ-အွန်လိုင်း
#ဘူ့အခွင့်အရေး
#ဒီမောဆိုအနောက်ဖက်ခြမ်း
#ချယ်ရီကုန်းအနီး
#လေကြောင်းဖြင့်
#ဗုံးကြဲချတိုက်ခိုက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။