ခမ်းသားငေါဝ်း
မတ် ၄၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများကို ဆက်သွယ်ကာ ဖေဖော်ဝါရီလအတွင်း တပ်သားနှင့်ရဲ (၆၄)ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း (NUG)က မတ်လ(၄)ရက်တွင် ထုတ်ပြန်ထားသည်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ဗိုလ်မှူး(၁)ဦး အပါအဝင် တပ်သားနှင့်ရဲ (၆၄)ဦးသည် အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူဘက် ကူးပြောင်းလာကြောင်း ထုတ်ပြန်ထားသည်။
ထိုပြည်သူဘက် အလင်းဝင်လာသူ(၆၄)ဦးထဲမှ လက်နက်နှင့်အတူ အလင်းဝင်လာသူ(၄၅)ဦး ရှိပြီး လက်နက်ယူဆောင်လာသူများကို (NUG)မှ သတ်မှတ်ထားသည့် တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလအတွင်း လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ(၄၄)လက်နှင့် ခဲယမ်းမီးကျောက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ၊ ပြည်သူ့ဘက် ရပ်တည်လိုသည့် တပ်သားနှင့် ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ်(သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များထံ ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် (NUG)မှ အသိပေးထုတ်ပြန်ထားသည်။
PPV0011
ပုံ-အွန်လိုင်း
#စစ်ရေး
#အမျိုးသားညီညွတ်ရေးအစိုးရ
#ပြည်သူ့ရင်ခွင်
#အကောင်အထည်ဖော်ဆောင်မှုဗဟိုကော်မတီ
#ကာကွယ်ရေးဝန်ကြီးဌာန
#ကွပ်ကဲမှုအောက်
#PDF
#ပကဖ
#NUG
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။