ခမ်းသားငေါဝ်း
မတ်လ ၄၊ ၂၀၂၅

တောင်ကြီးမြို့ပေါ်၌ ဧည့်စာရင်း တိုင်ကြားခြင်းမရှိပါက ဒဏ်ငွေပေးဆောင်ရသည့်အပြင် တချို့လူငယ်များလုံခြုံရေးစိုးရိမ်နေရကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ အိမ်ငှားသူများ ဧည့်စာရင်းမတိုင်ကြားပါက ဒဏ်ငွေ ၁၅၀၀၀ မှ ၃၀၀၀၀ ကျပ်အထိ ဒဏ်ငွေပေးဆောင်နေရပြီး စစ်မှုထမ်းအကျုံးဝင်သူ လူငယ်အနေဖြင့် စစ်မှုထမ်းရန် ခေါ်ခံရမည်ကို စိုးရိမ်နေကြောင်းသိရသည်။

“အရင်တလောက ဧည့်စာရင်းမတိုင်တဲ့ဟာမျိုးဆိုရင် ရုံးခေါ်ပြီး ဒဏ်ငွေ တစ်သောင်းခွဲ ဆောင်ရတာမျိုးရှိတယ် အဲ့တာတောင်အသိနည်းနည်းရှိလို့ တစ်ယောက်က်ိုတစ်သောင်းခွဲတော့ ဒဏ်ငွေဆောင်ရတယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။

လူငယ်အများစု ကို ဧည့်စာရင်းမတိုင်ပါက ရုံးသို့ ခေါ်ယူ စစ်ဆေးမေးမြန်းခံရပြီး စစ်မှုထမ်းအဖြစ် ခေါ်ဆောင်သွားမည်ကိုလည်းစိုးရိမ်ရကြောင်းသိရသည်။

“အကယ်၍ အဲ့လို့မျိုး ဧည့်စာရင်းမတိုင်ထားဘူး သူတို့အဓိကမေးတာကလည်း ရွာကနေတောင်ကြီးမှာ လာနေတယ်ဆိုရင် သူတို့အဲ့စစ်မှုထမ်းဆင့်ခေါ်တဲ့ဟာနဲ့ပက်သက်ပြီး ရှောင်နေတာလား အဲ့တာတွေလည်းမေးတယ် စစ်မှုထမ်းရှောင်တဲ့ဟာ ဟုတ်မဟုတ်မေးတယ် မေးလို့ သေချာမဖြေတက်ရင် သံသယနဲ့ ဖမ်းခံရမှာလည်းကြောက်တာပေါ့”ဟု လူငယ်တစ်ဦးမှပြောသည်။

တောင်ကြီိးမြို့သည် စစ်ကောင်စီ၏ အုပ်ချုပ်မှုစနစ်အောက်တွင် ဧည့်စာရင်းတိုင်းကြားရာတွင် ဓာတ်ပုံနှင့်တကွ တင်ရသည့်အတွက် လူငယ်များသည် စစ်မှုထမ်း ဖို့ရန်အတွက် သန်းခေါင်းစာရင်းမှ ဆင့်ခေါ်သော်လည်း လုံခြုံရေးအတွက်စိုးရိမ်ရကြောင်းသိရသည်။

တောင်ကြီး မြို့ပေါ်၌ ဧည့်စာရင်း တိုင်ကြားခြင်းမရှိပါက ဖမ်းခံရပြီး ငွေကြေးဖြင့် လူပြန်ရွေးရကြောင်းနှင့် ရက်လွန်ပါက ဒဏ်ငွေ (၃၀၀၀၀)ကျပ်အထိ ပေးဆောင်ရကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#အိမ်ငှားသူများ
#ဧည့်စာရင်းမတိုင်ကြားပါက
#ဒဏ်ငွေပေးဆောင်နေရ
#စစ်မှုထမ်းအကျုံးဝင်သူ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။