ခမ်းသားငေါဝ်း
မတ်လ ၂၊ ၂၀၂၅
ပထမအကြိမ် ထနော့ အမျိုးသားနေ့ကို ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ပို့လှ ကျေးရွာတွင် မတ်လ (၈) ရက်၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီ ထံမှ ကြား သိရသည်။
ထနော့ တိုင်းရင်းသားတို့သည် ယခုနှစ်များမှ ပြန်လည်၍ အမျိုးသား အလံတော် ၊ အမျိုးသား ဝတ်စုံနှင့် အမျိုးသားနေ့ တို့ကို အတည်ပြု သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့် မတ်လ ၈ ရက် တပေါင်းလဆန်း ၁၀ ရက်တွင် တောင်ပို့လှ ကျေးရွာ၌ ပထမဆုံးသော ထနော့ တိုင်းရင်းသား တို့၏ အမျိုးသားနေ့ ပွဲတော် ကို စတင် ကျင်းပသွားမည် ဟု သိရသည်။
“ဒီနှစ်မှ ပထမဆုံး စတင်ကျင်းပတဲ့ အမျိုးသားနေ့ ပွဲ ဖြစ်ပါတယ်။ တောင်ပို့လှ မှာ လာမယ့် ၈ ရက် နေ့ ကျင်းပ သွားမှာ ဖြစ်ပါတယ်။”ဟု ထနော့ တိုင်းရင်းသား တစ်ဦးက ဆိုသည်။
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နောင်အင်ကျေးရွာတွင် ထနော့ တွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးကို ၂၀၂၃ ခုနှစ် မတ်လ ခန့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုပွဲရလဒ်သည် (၁) ထနော့တိုင်းရင်းသား ရိုးရာဝတ်စုံ ၊ (၂) ထနော့တိုင်းရင်းသား အလံ ၊ (၃) ထနော့တိုင်းရင်းသား အမျိုးသားနေ့ တို့ကို အတည်ပြု သတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။
နှစ်စဉ် တပေါင်း လဆန်း (၁၀) ရက် ကို ထနော့ အမျိုးသား နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကာ ၊ ၂၀၂၅ ခုနှစ် တွင် ပထမဆုံး စတင်ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
ထနော့ တိုင်းရင်းသားများသည် တောင်ပို့လှ ကျေးရွာ အုပ်စု အနီး တစ်ဝိုက် ကျေးရွာများနှင့် အေးသာယာ၊ နောင်အင် ကျေးရွာတို့တွင် မှီတင်းနေထိုင်ကြခြင်း ဖြစ်ပါသည်။
ထနော့တိုင်းရင်းသားတို့၏ ပျံ့နှံ့နေထိုင်ရာ ဒေသများတွင် တောင်ပို့လှ ကျေးရွာ ၊ သစ်အယ်တစ် ကျေးရွာ ၊ ချောင်းကြား ကျေးရွာ၊ ထင်းရှူးကုန်း ကျေးရွာတို့တွင် ထနော့ တိုင်းရင်းသားများ အဓိက နေထိုင်ကြပြီးလူဦးရေ (၆၀၀၀) ပတ်ဝန်းကျင် သာ ကျန်ရှိတော့ကြောင်း သိရသည်။
#PPV-006
#ထနော့တိုင်းရင်းသား
#အမျိုးသားနေ့
#တိုင်းရင်းသား
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်