ခမ်းသားငေါဝ်း
မတ် ၃၊ ၂၀၂၅

ပင်လောင်းမြို့နယ်ရှိ ကျေးရွာတချို့များရေရှားပါးသဖြင့် ကျန်းမာရေး အခက်အခဲကြုံနေရကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ရေရှားပါးသည့် ဝါးလီး၊ ထီဗွာ၊ လိန်းညားကျေးရွာ များသည် နီးစပ်ရာ ဒေသ ရှိ ချောင်းရေများကိုအသုံးပြုရသဖြင့် ဝမ်းလျော၊ ဝမ်းပျက်ခြင်းနှင့် အရေပြားယားသည့် ကျန်းမာရေးအခက်အခဲကြုံနေရသည်။

“ချောင်းတွေမှာ ရေသွားချိုးတဲ့အချိန်ဆို ရေကကိုယ်နဲ့မတည်ဘူးဆိုရင် ယားတဲ့ဟာမျိုးတွေဖြစ်တယ် အရေပြားနဲ့ ပက်သက်တဲ့ပြသနာတွေ ရေအလုံလောက်မရှိတော့ ကျန်းမာရေးတွေ သွားတဲ့ဟာမျိုးဆိုရင် အဆင်မပြေဘူးကွယ် အဲ့တော့ဝမ်းလျှောတာတွေ အဓိကကြုံရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

နန်းပန်း ကျေးရွာရှိ ချောင်းရေသို့ နီးစပ်ရာရွာများရှိဒေသခံများသည် ချောင်းရှိရာနေရာကို ဆိုင်ကယ်ဖြင့် တစ်နာရီကြာသွားရပြီး ရေချိုးခြင်း ၊ ရေသယ်ခြင်းများပြုလုပ်ရကြောင်းသိရသည်။

“ကျွန်မနေတဲ့ နေရာမှာဆိုရင် ရေချောင်းကနေ ရေယူလို့ရတဲ့အခြေနေမျိုးရှိတယ် ဒါမဲ့ဘေးရွာကဆိုရင်ယူမရတော့ ကျွန်မတို့ရွာအထိ ရေလာချိုးကြရတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

ပင်လောင်းမြို့ပေါ် ရှိ အဝိစီတွင်းများရှိသည့်အိမ် အများစုသည့် နွေရာသီအချိန်၌ ရေမထွက်သည့် အချိန်မျိုးလည်း အမြဲကြုံရကြောင်းသိရသည်။

ယခုနောက်ပိုင်း ချောင်းများရှိ ရေများသည် နွေရာသီအချိန်ရောက်ခါနီးတိုင်း တဖြည်းဖြည်း ခမ်းခြောက်လာကြောင်း ၊ ဖယ်ခုံနှင့် ပင်လောင်းနယ်စပ် အကြားရှိ နယ်စပ်၌ ပင်လောင်းမြို့ထက်ပိုပူပြင်းသဖြင့် ရေရှားပါးမှု ပိုဆိုးရွာကြောင်းသိရသည်။

ချောင်းရေများ သိသိသာသာ ခမ်းခြောက်လာရခြင်းမှာ ချောင်းအနီးအနားရှိ သစ်ပင်များခုတ်ခြင်း၊ တောင်ယာလုပ်ငန်းအတွက် သစ်ပင်များခုတ်ခြင်းနှင့် မီးရှို့ခြင်းများ ပြင်းထန်စွာပြုလုပ်လာသဖြင့် ရေရှားပါးရကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ရေဘေး
#ပင်လောင်းမြို့နယ်
#ရေရှားပါး
#ဝါးလီး
#ထီဗွာ
#လိန်းညားကျေးရွာ
#ချောင်းရေများကိုအသုံးပြုရ
#ဝမ်းလျော
#ဝမ်းပျက်ခြင်း
#အရေပြားယား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါသည်။