ခမ်းသားငေါဝ်း
မတ် ၂၊ ၂၀၂၅
နိုင်ငံတဝန်း၌ စစ်ကောင်စီကြောင့် ဖေဖော်ဝါရီ တစ်လအတွင်း ကလေးငယ်နှင့်အမျိုးသမီးအပါဝင် ၁၀၆ ဦးသေဆုံးခဲ့ကြောင်း မတ်လ ၁ ရက်နေ့တွင် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားသည်၊၊
သေဆုံးခဲ့သည့် (၁၀၆) ဦး အရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၆) ဦး ပါဝင်ပြီး အမျိုးသမီး(၅၃) ဦးနှင့် အမျိုးသား (၅၃) ဦးကိုအမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းသေဆုံးသူများအနက် မကွေးတိုင်းတွင် (၂၇) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် (၂၆) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်းဖော်ပြထားသည်။
အဆိုပါ (၁၀၆) ဦးတွင် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၇၈) ဦးသည် စစ်ကောင်စီ၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းဆိုထားသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း အချက်အလက်များ ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဟုဆိုထားသည်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်အထိ စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၃၆၄) ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP ၏ထုတ်ပြန်ချက်တွင်ဆိုထားသည်။
PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#နိုင်ငံတဝန်း
#တစ်လအတွင်း
#ကလေးငယ်နှင့်အမျိုးသမီး
#နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း
#AAPP
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။