ခမ်းသားငေါဝ်း
မတ်လ ၃၊ ၂၀၂၅
တောင်လေးလုံးအဝင်တွင် တိုးဂိတ် ရွေ့ပြောင်း တည်ဆောက်ခြင်းကြောင့် ရွာနီးချင်းစပ် သွားလာခြင်းကို ငွေကောက်ခံနေသဖြင့် ရပ်ကွက်နေ ပြည်သူများနှစ်နာမှုရှိပြီး ဝေဖန်နေကြကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့အဝင် တွင် တည်ဆောက်ထားသော တိုးဂိတ် ကို တောင်လေးလုံးအဝင်သို့ ရွေ့ပြောင်းတည်ဆောက်နေခြင်း ဖြစ်ပြီး မတ်လ ၁ ရက် တွင် စတင် ဖွင့်လှစ်၍ ငွေကြေး ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။
“မနက်တုန်းက အထက တောင်လေးလုံးကျောင်း စာမေးပွဲအတွက် သွားတာလည်း အသွား ၆၀၀ ကျပ် အပြန် ၃၀၀ ကျပ် ကောက်တယ်။ ကျောင်းက ဆရာမ တွေက တစ်လနေမှ လခ နည်းနည်းပဲ ရတာ ၊ တစ်ရက် တစ်ထောင် လောက် ကျနေရင် အဆင်မပြေဘူး။ တောင်လေးလုံး လို့ပြောတာ ရဲတောင်ပေးရတာတဲ့ မိုက်ရိုင်းတာ ကျောင်းကိစ္စ ငွေလည်း မကောက်ရနဲ့ လစာ ထမင်းမစားဘဲ နေရမှာလား’ဟု ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။
ထိုသို့ ရွှေညောင် ၊ တောင်လေးလုံး မြို့ဝင်ကြေးနှင့် လမ်းခွန် ကောက်ခံနေသဖြင့် ပြည်သူများအနေဖြင့် ထိခိုက်နစ်နာမှု များစွာ ရှိကြောင်း အားလုံးက တောင်းဆိုနေကြခြင်း ဖြစ်ပါသည်။
ထို့ပြင် တောင်လေးလုံး အဝင် ၃၀၀ ကျပ် ၊ အပြန် ၆၀၀ ကျပ် မြို့ဝင်ကြေး ကိုပါ ထည့်သွင်း ကောက်ခံနေပြီး ဘယ်နှစ်ကြိမ်ကြိမ် ဖြတ်ဖြတ်ပေးနေရသဖြင့် နစ်နာကြောင်းဒေသခံက ဆိုသည်။
မတ်လ ၁ ရက်တွင် တောင်လေးလုံး မြို့အဝင် တိုးဂိတ်ကို ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ၊ ရွှေညောင်မြို့အဝင် အောင်သပြေ တိုးဂိတ် ကို ကောက်ခံခြင်း မရှိတော့ဘဲ ရပ်နားလိုက်ကြောင်း မြင်တွေ့ခဲ့ရသည်။
ဒေသခံ တစ်ဦးက“သမီးတို့က တောင်လေးလုံးမှာ နေပါတယ် ပြောလို့လည်း မရဘူး၊ လမ်းကြေး ပေးဆောင်ရပါမယ် မြို့ဝင်ကြေး ၃၀၀ ကျပ် လမ်းကြေး ၃၀၀ ကျပ် ဆိုပြီး ၆၀၀ ကျပ် ပေးရတယ်။ အဲ့နေ့ တစ်ရက်ထဲကိုပဲ ဖြတ်ပိုင်း ပြတာကို လည်း မရပါဘူး။ ထပ်ဆောင် ရသေးတယ်။ အပြန်တော့ ဖြတ်ပိုင်း မပေးဘူး။ “ဟု ဆိုသည်။
တချို့မှာ အသွားအပြန် လုပ်ရင်းဖြင့် တိုးဂိတ်ကြေး ၂၀၀၀ ကျပ် ခန့် ကုန်ကျစရိတ် ရှိကြောင်း၊ ရွှေညောင် မြို့အဝင်တွင် တိုးဂိတ် တည်ဆောက်ခြင်း နှင့် ပတ်သက်၍ ယခင်ကပင် ကန့်ကွက်ခဲ့ရာ ဒေသခံ များကို ဖြတ်သန်းမောင်းနှင်ခွင့်ပြုပါမည် သဘောတူညီချက်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၊ ကန့်ကွက် ဆန္ဒပြ မှုများကြောင့် ရွှေညောင် တိုးဂိတ် နေရာမှ တောင်လေးလုံး မြို့အဝင် တည်နေရာကို ရွေ့ပြောင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ တိုးဂိတ် ကို Highland တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၈ ခုနှစ်မှ စတင်၍ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ၊ မိတ္ထီလာ – တောင်ကြီး- ကျိုင်းတုံ – တာချီလိတ် ပြည်ထောင်စု လမ်းမကြီး၏ လမ်းအစိတ်အပိုင်း တစ်ခုအဖြစ် မိတ္ထီလာ – ကလော – တောင်ကြီး လမ်းပိုင်း ကို ၂၀၁၉ ခုနှစ် မေလ ၁ ရက် တွင် လမ်းဖွင့်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
#PPV-006
#တိုးဂိတ်
#တောင်လေးလုံး
#လမ်းကြေးကောက်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ပုံစာ – အောင်သပြေတိုးဂိတ်