ခမ်းသားငေါဝ်း
မတ် ၂၊ ၂၀၂၅
ဆီဆိုင်မြို့ပေါ်ရပ်ကွက်အချို့တွင်းတွင် ယခင်ကဂျပန်မှကူညီသည့်ရေဖြင့် ရပ်တည်နိုင်ကြသော်လည်း လက်ရှိတွင် ရေမလာခြင်းများကြောင့် အခက်အခဲကြုံတွေ့ နေရကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်၊ မြကန်သာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိရပ်ကွက်၊ မင်္ဂလာရပ်ကွက်ရှိ ဂျပန်မှလှူဒါန်းထားသည့် ရေကိုအားကိုးနေရသည့်သူများ ရေမရရှိခြင်းကြောင့်အခက်အခဲကြုံနေရသည်။
“ရပ်ကွက်ထဲ တချို့အိမ်တော့ရေလာတယ် တချို့အိမ်ကမလာဘူး ဘာဖြစ်လဲမသိဘူး မြကန်သာမြို့ထဲဘက်ရယ်မင်္ဂလာနဲ့ အောင်သပြေဘက်က ဂျပန်ရေကိုမယူတဲ့အိမ် အရင်ကတည်းရေရတဲ့အိမ်တွေတော့ အဆင်ပြေတယ် ရေမလာတဲ့အိမ်တော့ရေဝယ်သုံးရတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ရေအဓိကရှားပါးသည့်ရပ်ကွက်သည် ဟိုခဲရပ်ကွက်၊ မြကန်သာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။
“အရင်တုန်းကတော့ ဒီလိုချိန်ရွာတွေဘက်မှာ ရေရှားတော့ကိုယ်တွေက သွားလှူနိုင်တယ် ခုကိုယ့်အခက်အခဲနဲ့ကိုယ်မို့ လှူဖို့မပြောနဲ့ ကိုယ်တိုင်ရေသုံးနိုင်ဖို့ မနည်းချွေတာနေရတယ်” ဟု ၎င်းကဆက်ပြောသည်။
ယခင်ကဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု၊ နောင်ကျောအုပ်စုတွင် ရေရှားပါးမှုရှိပြီး အခက်အခဲကြုံတွေ့နေရသော်လည်း လက်ရှိတွင် ဆီဆိုင်မြို့ပေါ်၌လည်း ရေပုံမှန်မလာခြင်း ရေအခက်အခဲများကြုံတွေ့နေရခြင်းများ ရှိနေကြောင်း သိရသည်။
PPV001
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ဆီဆိုင်မြို့
#ဟိုခဲရပ်ကွက်
#မြကန်သာရပ်ကွက်
#အောင်ချမ်းသာရပ်ကွက်
#သီရိရပ်ကွက်
#မင်္ဂလာရပ်ကွက်
#ဂျပန်မှလှူဒါန်း
#ရေမရရှိခြင်းကြောင့်အခက်အခဲကြုံနေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။