ဓနုဒေသရှိပြည်သူများ ရွာအလှည့်ကျစနစ်ဖြင့် စစ်မှုထမ်းစေလွှတ်ပေးနေရ
ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၅ ဓနုဒေသရှိပြည်သူများသည်ရွာအလှည့်ကျစနစ်ဖြင့်စစ်မှုထမ်းစေလွှတ်ပေးနေရကြောင်း မတ်လ ၅ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယနှင့်ရွာငံမြို့နယ်ဒေသရှိဓနုပြည်သူများသည် ရွာအလှည့်ကျစနစ်ဖြင့်စစ်မှုထမ်းစေလွှတ်ပေးနေရသည်။ “ကိုယ်တိုင်ဘယ်သူကမှ မထမ်းချင်ကြတော့ စစ်မှုထမ်းလူငှားဖို့တွက် တစ်အိမ်ကိုတစ်သောင်းငါးထောင်ထည့်ရတယ် များသောအားဖြင့်ကလည်းသား၊ သမီးတွေကနိုင်ငံခြားရောက်နေကြတာလည်းပါတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။ အထက်ပါဖြစ်ရပ်များသည်၂၀၂၄ခုနှစ်၊ဒီဇင်ဘာလမှယနေ့မတ်လထိ…