ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅

တစ်ပတ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား (၄၈၀၀)ကျော်ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ စစ်မှုထမ်းရန်ပြန်ပို့ခံရကာ ထိုထဲမှ ပအိုဝ်းလူငယ်အများ အပြားပါဝင်နေကြောင့် နီးစပ်သူတစ်ဦးထံသိရသည်။

ထိုင်းနိုင်ငံရဲချုပ်၏ညွှန်ကြားချက်ဖြင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများအား ဥပဒေ နှင့်မညီသည့် လှုပ်ရှားမှုများကို ရှာဖွေနှိမ်နင်းရန်အတွက် စီမံကိန်းတစ်ခုဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်း နှိမ်နင်းရေးနှင့် တရားမဝင်လူဝင်မှုကြီးကြပ်ရေးဗဟိုဌာန The Royal Thai Police (RTP) ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ တို့မှ အဓိက စစ်ဆင်ရေး ဆောင်ရွက်ဖမ်းဆီးနေကြောင်းသိရသည်။

“အရင်လက ဖမ်းဆီးခံရတဲ့ပအိုဝ်းလူငယ်ဟာ ထောင်ထဲမှာ တစ်လလောက်နေခိုင်းတယ်၊ ပိုက်ဆံနဲ့ပြန်ရွေးလို့ မနိုင်ရင် မြန်မာပြည်ပြန်ပို့တယ်၊ စစ်ကောင်စီထံအပို့ခံရတဲ့လူငယ်တွေမှာ ပအိုဝ်းလူငယ်တွေအများကြီးပါတယ် အဆက်သွယ်ခဏပဲရပြီး စစ်သားခေါ်ပြီဆိုပြီး ဖုန်းချသွားတယ်” ဟု ဖြစ်စဉ်သိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုင်းနိုင်ငံတွင် အဖမ်းခံရသည့်သူမှာ ထောင်ထဲတွင်ထားပြီး ထိုင်းဘတ်ငွေ သုံးသောင်းမှ ငါးသောင်းထိ ပြန်ရွေးခိုင်း ကြောင်း၊ မရွေးနိုင်ပါက မြန်မာပြည်သို့ ပြန်ပို့ခံရကြောင်းသိရသည်။

ထိုသို့ဖမ်းဆီးရာတွင် ထိုင်းရောက်လူငယ်များက မြန်မာပြည်မှထိုင်းသို့ ပတ်စပိုစ်လုပ်၍မမှီသည့်လူငယ်များ၊ ဗီဇာသက်တမ်းတိုးကာလ Name list မကျသေးသူများက စိုးရိမ်ဖွယ် များဖြစ်လာကြောင်းသိရသည်။

‘’ငါတို့လူငယ်တွေရှေ့ဆက်ရမယ့်အနာဂတ်မှာ ရင်လေးစရာဖြစ်တယ်၊ ဒီအာဏာရှင်ရှိနေသရွေ့ ငါတို့လူငယ် တွေ အကြောက်တရားနဲ့ ရှင်သန်နေရတယ်၊ အာဏာရှင်စနစ် အမြန်ပျောက်ပါစေလို့ မျော်လင့်တယ်၊ ပအိုဝ်းလူငယ်တွေအနေနဲ့ စစ်ကောင်စီလက်ထဲရောက်ရင် အခွင့်ရေးရတာနဲ့ ထွက်ပြေးလို့ရရင် ထွက်ပြေးလွတ် မြောက်စေချင်တယ်” ဟု အဖမ်းခံရသူတစ်ဦး၏ နီးစပ်သူကပြောသည်။

အဖမ်းခံရသည့် ပအိုဝ်းလူငယ်များသည် ပင်လုံ၊ ဟိုပုံး၊ နမ့်စန် စသည့်ဒေသတွင် အများဆုံးပါရှိကြောင်းသိရသည်။

ပအိုဝ်းလူငယ်များသည် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်သော်လည်း မိမိဒေသတွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတို့ စစ်သားစုဆောင်းမှုအတွက် ငွေကြေးထည့်ဝင်နေရပြီး၊ ဟိုပုံးမြို့နယ်က ပြည်ပရောက်ပအိုဝ်းလူငယ်များကို နေရပ်ပြန်ပြီး စစ်မှုထမ်းရန် PNO ပြည်သူ့စစ်က အမိန့်ပေးပြန်ခေါ်ခိုင်းနေကြောင်းသိရသည်။

#ppv002
#Humanright
#ရွေ့ပြောင်းလုပ်သား
#ပအိုဝ်းလူငယ်
#ထိုင်းနိုင်ငံ
#စစ်မှုထမ်းပြန်ခေါ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။