ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅
တောင်ကြီးတက္ကသိုလ်တွင် ၂၀၂၅ ပညာသင်နှစ်အတွက် အဝေးသင်ကျောင်းသားများ အွန်လိုင်းစနစ်ဖြင့် ကျောင်းအပ်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ညွန်ကြားထားကြောင်း ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ကျောင်းသားများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ်တွင် ယခုနှစ်ပညာသင်နှစ်အတွက် အဝေးသင်တတိယနှစ်နှင့် နောက်ဆုံးနှစ်ကျောင်းသားများက အွန်လိုင်းစနစ်ဖြင့် ကျောင်းအပ်ရမည်ဖြစ်သောကြောင့် ၎င်းအပေါ်ကျောင်းသားများက စစ်မှုထမ်းထဲဝင်ရမည်ကိုလည်း စိုးရိမ်နေကြသည်။
“အခုလိုင်းပေါ်မှာအပ်ရတာက တတိယနှစ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားတွေပဲ ကျောင်းအပ်ဖို့ဆိုရင် UAB Pay အကောင့်ဖွင့်ရသေးတယ် ကျောင်းအပ်ခတွေလည်း အဲ့အကောင့်ကနေပဲသွင်းရတယ် ပြီးတော့ကျောင်းအပ်ဖို့လင့်က ဆရာမတွေဆီထပ်တောင်းရအုန်းမယ်ပြောတာပဲ” ဟု ကျောင်းသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
အွန်လိုင်းစနစ်ဖြင့်ကျောင်းအပ်ရန် လျှောက်လွှာဖေါင်တင်ပြီးပါက ၎င်းလျှောက်လွှာ ပြေစာစာရွက်ကို ပရင့်ထုတ်ပြီး ကျောင်းသို့နောက်တစ်ဖန်ထပ်မံအပ်နှံရသေးကြောင်း ၎င်းကဆက်ပြောသည်။
နောက်ထပ်ကျောင်းသားတစ်ဦးက “အခုနှစ်ကနောက်ဆုံးနှစ်တက်တာဆိုတော့လေ သူတို့က(စစ်ကောင်စီ)လိုင်းပေါ်ကနေပဲ ကျောင်းအပ်ခိုင်းတော့ စစ်မှုထမ်းအတွက် အခေါ်ခံရမှာလည်း ကြောက်ရတယ် ကျောင်းလည်းပြီးစစ်တပ်ထဲလည်းရောက်အဲ့လိုဖြစ်သွားမလားမသိ၊ လိုင်းပေါ်ကနေအပ်ရင် ကျွန်တော်တို့နာမည်စာရင်းတွေက သူတို့ကွန်ပျူတာထဲတစ်ခါတည်း ရောက်သွားပြီကော် ကျောင်းမှာပဲအပ်လို့ရရင် ကျောင်းမှာပဲသွားအပ်ချင်တယ်”ဟု ခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင်ကျောင်းအပ်နှံခသည်လည်း အရင်နှစ်ကအနဲဆုံးတစ်ဦးကို (၅)သောင်းအထိ ပေးသွင်းရပြီး ယခုနှစ်ကျောင်းအပ်နှံခ တိုးကောက်မည်ကိုလည်း စိုးရိမ်နေကြကြောင်းသိရသည်။
အွန်လိုင်းစနစ်ဖြင့်ကျောင်းအပ်နှံရမည့်အပေါ် ကျောင်းသားအများစုက ဘယ်လိုနည်းပုံစံနှင့် ကျောင်းအပ်ရမည်ကိုမသိရှိကြသေးကြောင်း ဆရာ/မတွေလည်း ပြောပြလာပေးတာမရှိသေးကြောင်း သိရသည်။
#PPV007
#Photo onlin
#လူ့အခွင့်အရေး
#ပညာရေး
#တောင်ကြီးတက္ကသိုလ်
#ပညာသင်နှစ်အတွက်
#အဝေးသင်ကျောင်းသားများ
#အွန်လိုင်းစနစ်ဖြင့်ကျောင်းအပ်ရမည်
#စစ်ကောင်စီလက်အောက်ခံ
#ပညာရေးဝန်ကြီးဌာန
#ညွန်ကြားထား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။