ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅
မိုးဗြဲ ခမရ ၄၂၂ တပ်မှ ပြည်သူ့စစ်မှုထမ်း ၃ ဦး လက်နက်နှင့်တကွ အလင်းဝင်လာခဲ့ကြောင်း ဖယ်ခုံ PDF( 1006 ) တပ်ရင်းက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ူစး
ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ အခြေစိုက် ခမရ (၄၂၂)တပ် ၌ တာဝန်ကျနေသော ခမရ (၅၁၈) တပ်ရင်းမှ စစ်မှုထမ်း တပ်သား (၃)ဦးသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်း ထံ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သည်။
အဆိုပါ တပ်သား (၃)ဦးသည် MA 1 သေနတ် (၁)လက်၊ MA 3 သေနတ် (၃)လက်၊ ကျည် (၁၂၀)တောင့် နှင့်အတူ အလင်းဝင်လာခဲ့ခြင်းကြောင့် ဆုကြေးငွေများချီးမြင့်ခဲ့ကြောင်း ဖယ်ခုံ PDF (1006) တပ်ရင်းကဆိုသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ မှလည်း အဆိုပါအလင်းဝင်လာသူများကို ပြည်သူ့ သူရဲကောင်းများအဖြစ်အသိမှတ်ပြုပြီး ထိုက်သင့်သောအထောက်အပံ့များ ပံ့ပိုးနိုင်ရန်အတွက်လည်း လုပ်ဆောင်ကြောင်းသိရသည်။
အဆိုပါအလင်းဝင်လာသူ ၃ ဦးသည် စစ်ကောင်စီ ၏ စစ်မှုထမ်းဥပဒေအရ မတရားဖမ်းဆီးခံရသူများဖြစ်ပြီး စစ်တပ်မှပြည်သူလူထုအပေါ်နှိပ်စက် အကြမ်းဖက်မှုများကို လက်သင့်မခံနိုင်သောကြောင့် အရဲစွန့်ထွက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အရေးတော်ပုံအောင်နိုင်ရေး ပြည်သူ့သားကောင်းများပီပီ အမှန်တရားဖက်ကိုရပ်တည်ကာ ထပ်မံအလင်းဝင်ရောက်လာလိုသူများကိုလည်း အမြဲကြိုဆိုလျက်ရှိကြောင်း ဖယ်ခုံ PDF (1006) တပ်ရင်းကအသိပေးထုတ်ပြန်ထားသည်။
#PPV 003
#နိုင်ငံရေး
#ဖယ်ခုံ
#အလင်းဝင်တပ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။