ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅

အင်းလေးဒေသခရီးသွားလုပ်ငန်းပြန်လည် လည်ပတ်လာသော်လည်းရေကြီးရေလျှံဒဏ်မှပြန်လည် ထူထောင်ရေးအတွက်အခက်ခဲကြုံနေရသေးကြောင်းဒေသခံထံ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့ အင်းလေးဒေသတွင် ပြီးခဲ့သည့်နှစ် နာဂီမုန်တိုင်းကြောင့် ရေကြီးမှုဖြစ်ပြီး စိီးပွါးရေးများ ရပ်တန့်သွားကာ စီးပွါးရေးများ ပြန်လည် လည်ပတ်လာသော်လည်း ထူထောင်ရေး အခက်အခဲကြုံနေရကြောင်းဒေသခံမှသိရသည်။

“ဖြည်းဖြည်းချင်စုပြီး လုပ်ရတယ်လုံးဝအသစ်တော့ ဘယ်ပြန်စနိုင်သေးဘူး၊ ခုကဝါးတစ်လုံးဆို 8000 ရှိပြီးကော အဲ့တော့ တစ်သိန်းလောက်ရပြီးဆိုရင် ရသလောက်ပြေးဝယ်ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုနှစ် ပွင့်လင်းရာသီတွင် အင်းလေးဒေသ သို့ပြည်တွင်းပြည်ပ ခရီးသွားများ ဝင်ရောက်လာမှုပိုမိုရှိလာပြီဟုသိရသည်။

စက်လှေ သမားတစ်ဦး“ဒီလတော့ နည်းနည်းတော့ များတယ်ဗျာ၊ ဒီလအားလုံးပေါင်းရင်အဖွဲ့နှစ်ဆယ်တော့ရှိတယ် ၊ နိုင်ငံခြားသားလည်းဝင်လာတယ် ဒီလကိုကျွန်တော် ငါးခေါက်လောက်သွားရတယ်ဗျာ၊နောက်လတော့နည်းနည်းပိုများတယ် ဒီရက်ပိုင်းကတော့ ကျွန်တော်တို့ပုံမှန်ဘဲသွားနေပါတယ်”ဟု ပြောသည်။

ထို့ပြင် ရေကြီးမှုကြောင့် အင်းလေးအမှတ်တရ ပစ္စည်း အိမ်ဆိုင်ဖွင့် သူတစ်ဦးသည် ၎င်းအိမ်ကို ပြန်လည် ပြုပြင်ချိန် ရေထပ်ကြီးမည်ကိုစိုးရိမ်နေရကြောင်းသိရသည်။

“ပစ္စည်းခင်းတာတောင် တစ်ဝက်ဘဲခင်းထားရတယ် ရေထပ်ကြီးလာရင် ဘယ်လို့လုပ်မတုန်း ရေကထပ်ကြီးလာလို့ရှိရင်မလွယ်ဘူးလေး ရေကြီးတုန်းကဆို အရုပ်တွေ ရေထဲ ပါသွားတာလေအဲ့လို့ မမြှပ်လောက်ဘူဆိုပြီးမယူတက်လိုက်ရဘူး အဲ့ဒီညတုန်းကဆိုရင် ရေက လေးပေ လောက်တောင်တက်တာကော” ဟုအိမ်ဆိုင်အရောင်းသမားတစ်ဦးက ပြောသည်။

ခရီးသွားဧည့်သည် များသည် ပြီးခဲ့သည့်နှစ်ထက် အနည်းငယ်များလာသော်လည်း ရောင်းရသည့်အချိန်ရှိသလို့ မရောင်းရသည့် အချိန် လည်း ရှိကြောင်း၎င်း ကဆက်ပြောသည်။

ဒေသခံများ၏ နေအိမ်များကို ပြန်လည်ပြုပြင် ရာတွင် ယခုလက်ရှိ ကုန်စျေးနှုန်းများကြောင့် အချိန်ယူ ပြင်ဆင်နေရာကြောင့်ဒေသခံတစ်ဦးမှပြောသည်။

ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်၍ အင်းလေးဒေသ ရေဘေးဒဏ်ခံရသည့် ရွာပေါင်း ၁၇၀ ကျော်ရှိပြီး၊ လူဦးရေ နှစ်သိန်းခန့် ထိခိုက်ခဲ့ရသည့် အပြင် ဒေသခံများ၏ နေအိမ်များ၊ စိုက်ပျိုးရေးခြံများ နစ်မြုပ်ပျက်စီးခဲ့ရသဖြင့် အင်းလေးဒေသခံများသည် ယခုချိန်ထိ ပြန်လည် ထူထောင်ရေး လုပ်ဆောင်နေရကြောင်းသိရပါသည်။

#ppv013
#ခရီးသွား
#အင်းလေး
#ထူထောင်ရေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။