ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅

ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူ နေအိမ်များကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတစ်ဦးခံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ မြို့ပေါ်ရပ်ကွက်ရှိနေအိမ်များကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ခန့်ကစပြီးစစ်ကောင်စီက မီးရှို့ဖျက်ဆီးနေသည်။

” မြို့တွင်းပဲရှို့နေတာ ခန့်မှန်းရသလောက်တော့ ညောင်းကုန်း ၁၊ ၂ နဲ့ နန်းဟူးရပ်ကွက်ဖက်ဖြစ်ဖို့များတယ်၊ လွန်ခဲ့တဲ့သုံးလေးရက်ကတည်းက ရှို့နေတာ၊ ခုထိမီးခိုးတွေမြင်နေရတုန်းပဲ ” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးထဲပါဝင်ပူးပေါင်းသူ၏ နေအိမ်များ အပါအဝင် နေရပ်ပြန်မလာသေးသည့် စစ်ဘေးရှောင်အိမ်များကိုပါ မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။

ဖယ်ခုံမြို့နယ်ရှိ ပြည်သူ နေ အိမ်များကို စစ်ကောင်စီတပ်ကမီးရှို့နေပြီး ပြည်သူလူထုရှိရာနေရာများသို့ လက်နက်ကြီး၊ တိုက်လေယာဥ်များဖြင့်ပစ်ခတ်နေသောကြောင့် ပြည်သူများသတိဖြင့်သွားလာနေထိုင်ကြရန် ဖယ်ခုံပြည်သူ့လုံခြုံရေးတပ်ဖွဲ့ PK Police ကအသိပေးထားသည်။

photo PK Police
#PPV 003
#Humanright
#ဖယ်ခုံမြို့နယ်
#နေအိမ်မီးရှို့ခံရ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။