ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅
တောင်ကြီးမြို့ပေါ်ရှိ အိမ်ဌားခသည် ၂၀၂၅ ခုနှစ် နှစ်စမှ စ၍ စျေးနှစ်ဆနီးပါးအထိ မြင့်တက်လာ၍ အိမ်ငှါးနေကြသူများအခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်၌ ပြီးခဲ့သည့်နှစ်၂၀၂၄ ခုနှစ်အတွင်း ရိုးရိုးအိမ်ကို ဌားခ (၄) သိန်းအထိ ဌားရမ်း၍ရသော်လည်း ယခုနှစ်မှ ၎င်းဌားရမ်းခကို (၈သိန်း) အထိ တက်သွားကြောင့်ဒေသခံဆီမှသိရသည်။
“တက်တယ်၊ အခုတောင်အိမ်ပြောင်းတော့မလို့ပစ္စည်းတွေနည်းနည်းထုတ်နေတာ၊ စစကတော့ သုံးသိန်း အခုကတော့ ရှစ်သိန်းတောင်းတာ ခုနှစ်သိန်းလျော့ပေးတယ်တဲ့ ၊ လုံချင်းအိမ် က ခုနှစ်သိန်း အရင်က သုံးသိန်းဘဲ” ဟု အိမ်ဌား သူတစ်ဦးမှပြောသည်။
အိမ်ဌားသူများအနေဖြင့် ယခုလို့ အိမ်ဌားခ စျေးတက်ချိန် မိမိဝင်ငွေနှင့် ကိုက်ညီသည့် အိမ်ကိုရှာရသည်မှာ ခက်ခဲ ပြီး စစ်ဘေးရှောင်များအတွက်ပါ ပိုမိုခက်ခဲရကြောင်းသိရသည်။
“စစ်ဘေးရှောင်တွေအတွက်ဆိုရင် ပိုပြီးခက်ခဲတယ် ဘာလို့ဆို့ သူတို့က ဒုက္ခရောက်လို့ ဒီကိုရောက်လာပါတယ်ဆိုအိမ်ဌားခက တက်တော့ တခါတလေဆိုရင် အိမ်ကမရှိတော့ဘူးဆိုရင် မနေသာလို့ သူများဆီကနေ ပိုက်ဆံချေးပြီး ဌားရတာမျိုးတွေရှိတယ်”ဟု ၎င်းကဆက်ပြောသည်။
အိမ်ဌားသူများသည် ထမင်းစားတာအဲ့လောက်ထိ မကုန်ဘူး အိမ်ဌားခကအများကြီး ကုန်နေတယ်ဟု ဒေသခံများကပြောသည်။
ထို့ပြင် အိမ်ဌားခ မြင့်တက်ရခြင်းသည် ယခုကာလအတွင်း ကုန်ပစ္စည်းများနှင့် လျှပ်စစ်မီးများ၏ စျေးများမြင့်တက်လာခြင်းဖြစ် ကြောင်း အိမ်ဌားဝန်ဆောင်မှုလုပ်သူကသုံးသပ်ပြောဆို သည်။
အိမ်ဌားဝန်ဆောင်မှုပေးသူ တစ်ဦးက“အရင်က စျေးအဲ့လောက်မတက်ဘူး၊ ခုလက်ရှိ ကုန်စျေးနှုန်းကြောင်းနဲ့ မီတာခလည်း စျေးကြီးတော့ တစ်လ တစ်သိန်းကျော်လောက်ပေးဆောင်နေရတော့ တက်တာပါ၊ ပြီးတော့ စျေးတက်တာကလည်း အိမ်ရှင်တွေပေါ်လည်းမူတည်တယ်”ဟုပြောသည်။
တောင်ကြီးမြို့ပေါ်ရှိ ရိုးရိုးတစ်ထပ်တိုက်အိမ်ကို ဌားခ (၈သိန်း)၊ နှစ်ထပ် တိုက်ကို ဌားခ (၁၅သိန်း)အထိ ရှိနေပြီး အိမ်ဌားခ သည့် နေရာဒေသနှင့် ရေ၊မီး ရရှိသည့် အပေါ်မူတည်၍ စျေးနှုန်းများကွဲပြားနိုင်ကြောင်းသိရသည်။
#ppv013
#social
#အိမ်ငှားခ
#တောင်ကြီး
photo online
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။