ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅
တောင်ကြီးကိုပို့ဆောင်မည့် လျှပ်စစ်ပစ္စည်းနှင့် ဖုန်း ပစ္စည်းများ သိမ်းဆည်းခံရကြောင်း နီးစပ်သူများထံမှ သိရသည် ။
ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ မြို့မဈေး အနီး ပတ်ဝန်းကျင်တွင်ရှိလျှပ်စစ် ပစ္စည်းဆိုင်များ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်များ၊ မိုဘိုင်းဖုန်း ပစ္စည်းအရောင်းဆိုင်များထံ ပို့ဆောင်မည့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်နှင့်မန္တလေးတို့တွင် ဖမ်းဆီးသိမ်းဆည်းခံရကြောင်းကြားသိရသည်။
ယခင်လို ဖမ်းဆီးပစ္စည်းများကို ထားခဲ့ပြီး သက်ဆိုင်သော ပိုင်ရှင်က လာရွေးစေခြင်း မျိုး မဟုတ်တော့ဘဲ ခရီးသည်တင် အဝေးပြေး ခရီး သည် ပို့ဆောင်ယာဉ်ကိုပါ ဒဏ်ကြေး သိန်း ၂၀၀ ခန့် ဆောင်စေကြောင်း နီးစပ်သူ တစ်ဦးပြောပြချက် အရ သိရသည်။
“အရင်လို ပစ္စည်းထားခဲ့သက်ဆိုင်တဲ့ပိုင်ရှင်လာရွေး ကားပြန်လွှတ် အဲလိုမဟုတ်တော့ဘူး ၊ ကားဂိတ် ကိုတောင် ငွေကြေး ပေးဆောင်စေတယ်ကြားတယ်”ဟု နီးစပ်သူ တစ်ဦး က ဆိုသည် ။
တောင်ကြီးမြို့ တွင် ရောင်းချနေသော လျှပ်စစ် ပစ္စည်းဆိုင်များ ပြောပြချက်အရ အကောက်ခွန်မဲ့၊ ဂျူတီမဲ့ပစ္စည်းများကို ဖမ်းဆီးခြင်း ယခင်ကပင် ရှိ ကြောင်း ၊ရှောင်တခင် စစ်ဆေးခြင်းလုပ်ငန်းကို လည်း သက်ဆိုင်ရာ ဖြန့်ချီရေး အရောင်း ကိုယ်စား လှယ်ဆိုင်ကြီးများကိုသာ ဆောင်ရွက်မည် ဖြစ် ကြောင်းဆိုသည်။
အရောင်းဆိုင် တစ်ဆိုင်က “အရင်ထဲက ရှိပါတယ်၊ ဂျူတီနဲ့ ပတ်သက်တာဆိုရင်တော့ ဖမ်းဆီးတာ သိမ်းတာ ရှိပါတယ်၊ ပစ္စည်းက ပို့လိုက်ထဲက တခါထဲ ပြောပါတယ်၊ ဂိတ်အထိပဲပို့ပေးပါတယ်၊ ကျန်တာ တာဝန်မယူပါဘူး၊ တရုတ်ပြည်မူဆယ်ဘက်ကဝင်တဲ့ ပစ္စည်းတွေလည်း ဒီအတိုင်းပါပဲ ။ တစ်ပိုင် တစ်နိုင်သယ်ခွင့် ပြုထားပါတယ်၊ အများကြီး သယ်ဆောင်ရင်တော့ မှောင်ခိုပစ္စည်း ဆိုပြီး ဖမ်းနိုင်ပါတယ်၊”ဟု ပြောသည် ။
တောင်ကြီး မြို့မဈေး အတွင်း ရောင်းချနေသော ထိုင်းနှင့် တရုတ်ဘက်မှဝင်သော စားသောက်ကုန် ပစ္စည်းများကိုလည်း တင်သွင်းခွင့်ပိတ်ပင်ထားသဖြင့်ထိုင်းနိုင်ငံထုတ်စားဆီများဈေးနှုန်းတက် နေ ကြောင်းကြား သိရသည် ။
မြဝတီနယ်စပ်မှတဆင့် ထိုင်း ပြည်တွင်းထုတ်ကုန်တွေ တင်ပို့ခွင့် ပိတ်လိုက်တဲ့ကုန်စည်စာရင်းသည်မိုဘိုင်းဖုန်းအသစ်၊ဘက်ထရီအားလုံး၊အင်ဗာတာ၊မီးစက်၊ ဆိုလာပြား၊မိုဘိုင်းကိရိယာများ၊CABLE၊HARDWARE၊ ဆော့ဖ်ဝဲ၊လိမ်လည်သူများနှင့် သက်ဆိုင်သောကုန်ပစ္စည်းများ၊အင်ဂျင်ဝိုင်၊စက်သုံးဆီ များကိုထိုင်းဘက်ကတင်သွင်း့ခင်းပိတ်ထားကြောင်းသိရသည်။
#ppv006
#social
#ကုန်ပစ္စည်း
#သိမ်းဆည်းခံရ
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။