ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅

ဟိုပုံးမြို့နယ်အတွင်း ကျေးရွာများကို PNO ပြည်သူ့စစ်က ဆက်ကြေးကောက်ခံနေ၍ သာမာန်ပြည်သူများ အခက်ခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်မည့် နုန်းထားများကို ဖေဖော်ဝါရိ ၁၇ ရက်က ဆက်ကြေး (အခွန်)ပေးရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

‘’တချို့ မရှိဆင်းရဲသားတွေကစားဝတ်နေရေးအတွက် အခက်ခဲအများကြီးရှိတယ်ဗျ၊ သူတို့ဘာအတွက် သုံးလဲတော့မသိဘူး၊ အိမ်တိုင်းကို (၆) လတခါ ၅ သောင်းကျပ်ထည့်ပေးဖို့ အမိန့်ထုတ်ထားတယ်၊ ကျန်တဲ့အခွန်အမျိုးစားတွေကတော့ တနှစ်တကြိမ်ထည့်ပေးရမယ်ပြောတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အိမ်ကား၊ အိမ်ဆိုင်ကအစ တနိုင်တပိုင်လုပ်ကိုင်သည့်ပြည်သူများကိုလည်း အကုန်လုံးအခွန်ကောက်ခံနေပြီး၊ လုပ်ငန်းပေါ်မူတည်ကာ နှုန်းထားပမာဏ အများအနည်းသတ်မှတ်ထားကြောင်းသိရသည်။

စစ်ကောင်စီအစိုးရထံတွင် အခွန်ဆောင်ထားသော်လည်း PNO ပြည်သူ့စစ်ကောက်ခံသည့် အခွန်ကို ထပ်မံပေး ဆောင်ရသည့်အတွက် ယခုလိုခက်ခဲသည့်ကာလသည် ပြည်သူလူထုအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်ပြီး အခက်ခဲပိုဖြစ် စေကြောင်းသိရသည်။

ကုန်တင်ကားမောင်းသူတစ်ဦးက”ကုန်တင်ကားတွေက ဂိတ်ခတဖက်ပေးရတာနဲ့ သူတို့ကို ကားခွန်ထပ်ပေး ဆောင်ရတာနဲ့ စီးပွားရေးထိခိုက်တာပေါ့၊ ဘာမှမကျန်ဘူးလေ” ဟုပြောသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဟိုပုံးမြို့ လွယ်အွန်းရွာဘုန်းကြီးကျောင်းတွင် စစ်မှုထမ်းရန်စာရင်းပါရှိသည့် ပြည်ပရောက် ပအိုဝ်းလူငယ်များကို PNO ပြည်သူ့စစ်က ပြန်ခေါ်ပေးရန် မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဟု ရပ်ရွာလူကြီး ရွာကော်မတီများကို ပြောဆိုခဲ့ကြောင်းသိရသည်။

#ppv002
#Humanright
#ဟိုပုံး
#ဆက်ကြေး
#PNO

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။