ခမ်သားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့တွင် လူလေးဦးကို ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွားပြီး နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နယ်စည်းမခြား ပရဟိတ သီပေါ အသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၃ ရက် ည ၇ နာရီ ခန့် အချိန်တွင် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာတွင် စိုင်းမြင့်အောင်က ဇနီးဖြစ်သူနှင့် ဇနီး မိဘနှစ်ဦး ၎င်းတို့ နေအိမ်အတွင်း ရှိနေစဉ် ဓါးဖြင့် ဝင်ခုတ်ရာ မိဘနှစ်ပါး သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာများ ရရှိခဲ့ကြောင်း နယ်စည်းမခြား ပရဟိတ သီပေါ အသင်း ထံမှ သိရသည်။

“ဘာဖြစ်တာလဲတော့ မသိဘူး။ ဖြစ်စဉ်ကို အတိ အကျ မသိပါဘူး” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ဒဏ်ရာသူနှစ်ဦးသည် ဆေးကုသခံယူနေပြီး မစိုးရိမ်ရဘူး ဒဏ်ရာရသူ ကျား တစ်ဦး မ တစ်ဦး ဖြစ်ကြောင်း ကူညီပေးသူ ဆက်ပြောသည်။

ထို့ပြင် ကျူးလွန်သူ စိုင်းမြင့်အောင်သည် အိမ်နောက်ဘက်မှ ထွက်ပြေးသွားကာ အိမ်နောက်ဖေး တွင် ရှိနေသော ဝေဖြိုးဆိုသည့် အမျိုးသား တစ်ဦးကိုလည်း ဓါးဖြင့်ထပ်မံခုတ်သတ်ခဲ့ရာ ပတ်ဝန်းကျင် မှ ဝိုင်းဝန်းဖမ်းဆီးထားရကြောင်း သိရသည်။

အဆိုပါ လူလေးဦးကို ဓါးဖြင့် ခုတ်သတ်သူ စိုင်းမြင့်အောင် ကို TNLA မှဖမ်းဆီးခဲ့ကြောင်း လူမှုကူညီရေး ဆောင်ရွက်နေသူများထံမှသိရသည်။

photo နယ်စည်းမခြား ပရဟိတ သီပေါ အသင်း

#PPV-006
#မှုခင်း
#သီပေါ
#လူသတ်မှု

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။