ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅
ဆီဆိုင်မြို့ နယ်ထိန်းရဲ အေးသောင်းသည် လောင်းကစားဖွင့်ခြင်း၊ ဖမ်းမိမူးယစ်ဆေးသုံးစွဲသူများကို ငွေကြေးယူ ပြီး ပြန်လွတ်ခြင်းများကို ဆက်လက်ပြုလုပ်နေကြောင်း ဆီဆိုင်ဒေသခံများထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့သည် စစ်ကောင်စီပြန်လည်ထိန်းချုပ်ပြီးနောက် နယ်ထိန်းရဲအေးသောင်းသည် မြို့တွင်းလောင်းကစားများဖွင့်ခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများကို ငွေကြေးယူပြီးပြီးပြန်လွတ်ပေးခြင်း မြို့ပြင်တွင် ကြက်ဝိုင်းထောင်ပြီးလောင်းကစားပြုလုပ်ခြင်းများ ဆက်လက်ပြုလုပ်နေကြောင်းသိရသည်။
‘’ခုက ကြက်ဝိုင်းကို ရပ်ကွက်မှာမထားဘဲ မြို့ပြင်ဘက်မှာထားတယ်၊ သူကိုယ်တိုင် ကြက်တိုက်တယ်၊ သူရှုံးရင် သေနတ်နဲ့ ခြိမ်းခြောက်တယ်၊ သေနတ်ပစ်ဖောက်ဒါသူ့နယ်ဆိုပြီးတော့”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ညတွင်လည်း အောင်သပြေရပ်ကွက်ထဲရှိ လူငယ်နှစ်ဦးထံ မူးယစ်ဆေးဝါးဖမ်းမိပြီး ပိုက်ဆံသိန်းသုံးဆယ်တောင်းကာပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။
ယခင်က မြို့တွင်းတွင် ဖဲဝိုင်း၊ ကြက်ဝိုင်းများ ပေါ်ပေါ်တင်တင်လုပ်ဆောင်ခဲ့ပြီး ခမ်းသားငေါဝ်းမှ သတင်းရေးပြီးနောက် မြို့တွင်းရပ်ကွက်တွင်း မလုပ်တော့ပဲ ကြက်ဝိုင်းကို မြို့ပြင်သို့ ပြောင်းလဲလုပ်ဆောင်ခဲ့သည်။
အထူးသဖြင့် ကြက်ဝိုင်းကို ဆီဆိုင်ဈေးနေ့နှင့် လပြည့်လကွယ်နေ့များတွင် ပြုလုပ်ကြကြောင်း၊ နယ်ထိန်းရဲအေးသောင်းသည် ကြက်ဝိုင်လာရင် သေနတ်အမြဲတမ်းယူဆောင်လာကြောင်းသိရသည်။
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီပြန်လည်ထိန်းချုပ်ပြီးနောက် ပြည်သူလူထုအသွားအလာများကိုလည်း အစစ်အဆေးတင်းကြပ်ထားသလို မြို့ပြင်တွင်လည်း လက်နက်ကြီးအထိုင်ချပြီး နေ့စဉ်နှင့်အမျှပစ်ခတ်မှု ပြုလုပ်နေကြောင်းသိရသည်။
#ppv002
#Humanright
#ရဲအေးသောင်း
#လောင်းကစားဝိုင်း
#ဆီဆိုင်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။