ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅
(၁၆) ကြိမ်မြောက် တောင်ရိုး အမျိုးသားနေ့ ကို လာမည့် ၁၃၈၆ ခုနှစ် တပေါင်းလဆန်း (၁) ရက်မှ (၃) ရက် ၊ အထိ သုံးရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့ ၊ ဘော်နင်းဒေသ၌ ကျင်းပမည်ဖြစ်ကာ တပေါင်း လဆန်း (၁) ရက် ၊ ဖေဖော်ဝါရီလ ၂၇ ရက် မှ စတင် ကျင်းပသွားမည် ဖြစ်ကြောင်း ဒေသခံ တောင်ရိုးတိုင်းရင်းသားများထံမှ သိရသည်။
ယခင်နှစ် ၂၀၂၄ ခုနှစ် ၌လည်း (၁၅) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကို ဘော်နင်းတွင်နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ အရင်နှစ်ကတော့ အကျဉ်းချုံးပဲ ဆောင်ရွက်ဖြစ်တယ်။ ဘော်နင်းဒေသ မှာပဲ နှစ်ရက်တာ ကျင်းပ ပါတယ်။ ဒီနှစ်လည်း ဘော်နင်းဒေသမှာပဲ တပေါင်း လဆန်း ၃ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုတော့ တောင်ရိုး အမျိုးသားနေ့ အတွက် ဖျော်ဖြေပေးမယ့် သီချင်းကို သီဆို လေ့ကျင့်နေပြီ ဖြစ်ပါတယ်။”ဟု ဘော်နင်းဒေသမှ တောင်ရိုး တိုင်းရင်းသား တစ်ဦးက ဆိုသည်။
တောင်ရိုး အမျိုးသားနေ့ကို တပေါင်း လဆန်း (၂) ရက် နှင့် (၃) ရက် တို့တွင် နှစ်စဉ် ကျင်းပပြုလုပ်မြဲ ဖြစ်ကြောင်း သိရသည်။
တောင်ရိုးအမျိုးသားနေ့တွင် ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာ အကအလှ များ၊ အားကစား ပြိုင်ပွဲ များ ၊ ပျော်ပွဲရွှင်ပွဲ တို့နှင့် စတိတ်ရှိုး တို့ကို ထည့်သွင်း ကျင်းပလေ့ ရှိကြောင်း သိရသည်။
တောင်ရိုးတိုင်းရင်းသား စာပေနှင့်ယဉ် ကျေးမှုအသင်းမှ လက်ရှိကောက်ခံထားသည့် စာရင်းများအရ တောင်ရိုးလူမျိုး တစ်သိန်းခွဲ (၁၅၀ ၀၀၀) ကျော်ပြီဟု သိရသော်လည်း နိုင်ငံတော်၏ တရား ဝင်စာရင်းတွင် ၄၇၀၀၀ သာ ရှိသေးသည်ဟု ဆိုသည်။
တောင်ရိုးတိုင်းရင်းသားများ၏ ဓလေ့ ထုံးတမ်းစဉ် လာများကို တနယ်နှင့် တနယ် သိရှိနိုင်စေရန် ရည်ရွယ်ပြီး တောင်ရိုးအမျိုး သားနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီးပင်လောင်းမြို့နယ်၊ ဆည်ခေါင်းကျေးရွာတွင် လေးကြိမ်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာ တွင် နှစ်ကြိမ်၊ ပင်လောင်းမြို့နယ် နောင်မူကျေး ရွာတွင် နှစ်ကြိမ်၊ ပင်းတယမြို့နယ် ကျားကုန်း ကျေးရွာတွင် နှစ်ကြိမ် ကျင်းပခဲ့ပြီး၊ ညောင်ရွှေမြို့နယ် ကျားတွန်ကျေး ရွာတွင် နှစ်ကြိမ် ၊ ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု၊ နန်းနိုင်ဘုရား (နန်းမာန်ဘုရားတောင်) တွင် နှစ်ကြိမ်၊ ကျင်းပခဲ့ကာ၊ ဘော်နင်းဒေသ တွင် နှစ်ကြိမ် ဆက်တိုက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
#PPV-006
#တောင်ရိုးအမျိုးသားနေ့
#တိုင်းရင်းသား
#ဘော်နင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။