ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅
ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ လေယာဥ်နှင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း ပြုလုပ်နေကြောင်း ဒေသခံထံကသိရသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီ ၂၂ ရက်ည ၁၁ နာရီကျော်အချိန်တွင် လေယာဥ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲခဲ့ပြီး ဖေဖော် ၂၃ ညတွင်လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်၊၊
“နောင်ထောဝ်ဘက်ဖြစ်မယ် မနေ့ကဆိုအသံတွေအကျယ်ကြီးပဲ လက်နက်ကြီးသံ ရှေ့တညကတော့ လေယာဥ်နဲ့ နှစ်ခါကြဲချတာ တစ်ခါကြဲချရင်ဗုံးနှစ်လုံး အသံကြားရုံနဲ့ကို လိပ်ပြာတောင်လွင့်တယ် ဘယ်နေ့ပြေးရမလဲမသိဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်၊၊
ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးကြောင်း ၄င်းကဆက်ပြောသည်၊၊
ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီလ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်တပ်မတော် PNLA ၊ တော်လှန်ရေပူးပေါင်းတပ်ဖွဲ့တို့ ဆီဆိုင်မြို့ကို သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီမှပြန်လှည်ထိန်းချုတ်လျှက်ရှိရာ တောင်ရှေ့အုပ်စုဘက်သို့ လက်နက်ကြီးနှင့် လေယာဥ်ဖြင့် တိုက်ခိုက်နေကြောင်း သိရသည်၊၊
PPV001
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#တောင်ရှေ့အုပ်စု
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ
#လေယာဥ်နှင့်ဗုံးကြဲ
#လက်နက်ကြီးများဖြင့်ပစ်ခတ်နေ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။