ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅

တောင်ကြီး တက္ကသိုလ်ရှေ့ ထက်အာကာဆိုင် အတွင်း ဟိုက်ဂျက် HIJET မော်တော်ကားဝင်တိုက်သဖြင့် ဆိုင်ရှင် အမျိုးသမီး သေဆုံး ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင် ဖေဖော် ဝါရီလ ၂၀ ရက်က အမျိုးသမီးတစ်ဦးမောင်းနင်သည့် HIJET ကား လမ်းပေါ်ကားတစီးအရင်တိုက်ပြီးအရှိန်ပြင်းသည့်အတွက် ထက်အာကာဆိုင်ထဲ ထိုးဝင်သွားရာ ဆိုင်ရှင်ကိုတိုက်မိခြင်းဖြစ်သည်။

“တိုက်တဲ့လူကဧရာဝတီလမ်းဆုံဖက်ကနေတောင်ကြီးတက္ကသိုလ်ဖက်ကိုလာတာပါ သူကရပ်ထားတဲ့ကားတစ်စီးကိုအရင်ဝင်တိုက်ပီးမှနောက်ပြန်လိမ့်ပီးအဲ့ဆိုင်ထဲဝင်သွားတာ အရှိန်ပြင်းလွန်းလို့ဆိုင်ရဲ့အုတ်တံတိုင်းတောင်ပွင့်ထွက်သွားတယ် ဆိုင်ရှင်အစ်မလဲအဲ့ကားနဲ့အုတ်တံတိုင်းကြားမှညပ်ညပ်လေး ပီးအဲ့တိုက်တဲ့တယောက်ကလျော်ကြေးနစ်နာကြေးတသိန်းပေးမယ်တဲ့”မျက်မြင်တစ်ဦးကပြောသည်။

ထိုယာဉ်မောင်းအမျိုးသမီးသည် ELITE ယာဉ်လိုင်းဂိတ် မှ စာရေးမ အမျိုးသမီးဖြစ်ပြီး HIJET ကားဖြင့် ကားတစီးကိုအရင်တိုက်ပြီးနောက်ပြန်လိမ့်ကာ ဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ရှင် အမျိုး သမီးကို တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

နီးစပ်သူ တစ်ဦးက“ဆိုင်ထဲကို နောက်ပြန်ဝင်ပြီး ဘက်ဂီယာကြီးနဲ့ ဆယ်လက်မလောက် အမြင့်ရှိတဲ့ ပလက်ဖောင်းကို ကျော်တက်ပြီး ဆိုင်ထဲက ကောင်တာဆီ ဝင်သွားတာ”ဟု ဆိုသည်။

ကားတိုက်ခံရသော ဆိုင်ရှင်အမျိုးသမီးသည် ဖေဖော်ဝါရီလ ၂၂ ရက် မနက်ပိုင်းတွင် ဆုံးပါးခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူ ထံမှသိရသည်။

ထို့ပြင် ဆိုင်တွင် စားသုံးသူ သားအမိကိုလည်း တိုက်မိကာ ကလေးဖြစ်သူမှာ ပွန်းပဲ့ဒဏ်ရာ ရပြီး လူကြီး ဖြစ်သူမှာ အခြေအနေ စိုးရိမ်ရဖွယ် ရှိကြောင်း နီးစပ်သူထံမှ ကြား သိရသည်။

ယာဥ်မောင်းအမျိုးသမီးသည် ကားပေါ်ခုန်ချသည့်အတွက် ထိခိုက်ဒဏ်ရာရ ရှိခြင်းမရှိကြောင်းသိရသည်။

ယာဥ်မောင်းအမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်ထားကြောင်းသိရသည်။

#PPV-006
#မှုခင်း
#ယာဥ်တိုက်မှု
#ထက်အာအာ
#Taunggyi

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။