ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅

လွယ်အွန်ကျေးရွာရှိရွာသူကြီးနှင့် ကော်မတီအဖွဲ့ဝင်လူကြီးများကို (PNO)ပြည်သူ့စစ်က အစည်းအဝေးခေါ်သည့်အခါ မလာပါက ခြိမ်းခြောက်ခံနေရကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်အွန်ကျေးရွာတွင်ရှိသည့်ရွာသူကြီးနှင့် ကော်မတီအဖွဲ့ဝင်လူကြီးများ (PNO)ပြည်သူ့စစ်ကအစည်းအဝေးခေါ်သည့်အခါ မလာပါက ခြိမ်းခြောက်ခံနေရသည်။

“PNO ကအစည်းအဝေးခေါ်တာကိုမလာရင်အထူးဒေသ(၆)မှာမနေနဲ့ဆိုပြီး ခြိမ်းခြောက်တယ် ဒီလိုခြိမ်းခြောက်တာကအခုမှမဟုတ်ဘူး စစ်ကောင်စီအာဏာသိမ်းပြီးကတည်းကပါ”ဟု ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

အခြားဒေသရောက်ရှိသူများ PNO ထဲမဝင်ပါက အထူးဒေသ(၆)လွယ်အွန်းကျေးရွာတွင် ကျန်နေသည့်မိဘများ၏ အိမ်ကိုမီးရှို့ပြီး ရွာကနေမောင်းထုတ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်၊၊

“နိုင်ငံခြားရောက်နေတဲ့လူငယ်တွေကို ပြန်ခေါ်နေတာမဟုတ်ဘဲ လွယ်အွန်ကျေးရွာကနေတခြားနေရာကိုရောက်နေတဲ့သူတွေ နယ်ဝေးရောက်နေတဲ့သူတွေအကုန်လုံးကိုနာမည်စာရင်းပါရင်ပြန်ခေါ်တာ”ဟု သူကဆက်ပြောသည်။

PNO ပြည်သူ့စစ်ကပအိုဝ်းဒေသတွင်ူ ထိုလုပ်ရပ်မျိုးလုပ်ဆောင်ခြင်းကြောင့် ပအိုဝ်းပြည်သူအချို့ရွံ့မုန်းလာကြကြောင်းသိရသည်။

“ခု PNO တွေလုပ်နေတဲ့ လုပ်ရပ်ကငွေတောင်းအခွန်တောင်းမထင်ရင်မထင်သလိုအတင်းအဓ္ဓမစစ်မှုထမ်းခိုင်းတယ်”ဟုဖြစ်စဥ်သိရှိသူတစ်ဦးကပြောသည်။

ထို့‌ကြောင့်အချို့ကျေးရွာတွင်တခြားလက်နက်ကိုင်တပ်ဖွဲ့ဝင်လာရန် တစ်ချို့ရွာသားက မျှော်လင့်နေကြကြောင်းသိရသည်။

ရပ်စောက်မြို့နယ် အင်တော၊ ဆက်သေမြေမဲနှင့်အနီးတဝိုက်၊ ဟိုပုံးမြို့နယ်မိုင်းပျဥ်းကျေးရွာအုပ်စု ဖာလုဲင်နှင့်အနီးတဝိုက်အပြင် ကျောက်တန်းဒေသ၊ ဘန်းကွဲတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီမှ SSPP/SSAA က နေရာယူထားပြီး RCSS/SSA ရှမ်းပြည်ပြန်လှည်ထူထောင်ရေး ကောင်စီနှင့် မကြာခန ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းများရှိနေကြောင်း သိရသည်၊၊

PPV009
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဟိုပုံးမြို့နယ်
#လွယ်အွန်ကျေးရွာ
#ရွာသူကြီး
#ကော်မတီအဖွဲ့ဝင်လူကြီးများ
#PNO
#အစည်းအဝေးခေါ်သည့်အခါ
#ခြိမ်းခြောက်ခံနေရ