ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅

အောင်ပန်းတွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့၊ ငုံးသုန်ကျေးရွာအုပ်စု၊ ထင်းရှူးကုန်းတောင်ရွာနေ အသက် ၂၅ နှစ်အရွယ် ကိုကျော်ဆိုသူသည် ဖေဖောဝါရီလ ၁၉ ရက်နေ့ တွင် သစ်အယ်တစ်ကျေးရွာ တောင်ယာထဲ ရှိ ညောင်ကြပ်ပင်၌ ကြိုးဆွဲချသေဆုံးခဲ့သည်။

” သူကတစ်ခြားရွာ ကတောင်ယာထဲ က အပင်မှာ ကြိုးဆွဲချတာ၊ သူ့ရဲ့နောက်ကြောင်းတွေ ဘာလို့ဒီလိုလုပ်ရတာတွေဆိုတာကတော့ မသိလိုက်ရဘူး၊ သူများခြံထဲမှာဆိုတော့ လူလည်းအများကြီးရှိနေတော့ ရဲက အလောင်းကိုချက်ချင်းသယ်သွားခိုင်းတယ်၊ မိသားစုဝင်တွေကို ဘာမှမမေးလိုက်ရဘူး” ဟု နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်၊ မင်္ဂလာကန် အရှေ့မြောက်ဖက် စိန်ပန်းပင်ပေါ်၌ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည်။

PPV 003
ပုံ-အွန်လိုင်း
#မှု့ခင်း
#အောင်ပန်းမြို့
#ငုံးသုန်ကျေးရွာအုပ်စု
#ထင်းရှူးကုန်းတောင်ရွာ
#သစ်အယ်တစ်ကျေးရွာ
#တောင်ယာထဲ
#ညောင်ကြပ်ပင်
#ကြိုးဆွဲချသေဆုံးခဲ့