ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅

တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့၌ လူမနေသည့် ဘေးပတ်ဝန်းကျင်အနီး ဝိုင်းကွက်အတွင်း အမှိုက်စွန့်ပစ်မှုများလာကြောင်း ဒေသခံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ လူမနေသည့် မြေကွက်၊ ဝိုင်းကွက် အလွတ်အတွင်း စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်သူများပြားလာသည်။

“ကိုယ်ဟာကို အမှိုက်ပစ်တဲ့နေရာ မပစ်ဘဲနဲ့ ၊ ပိုက်ဆံမပေးချင်လို့ တစ်လလေးငါးထောင်လည်းမပေးချင်ဘူးကော လေးငါးထောင်လည်း ဆန်ဖိုးဆီဖိုးရလို့နေမှာပေါ့၊ လူမရှိတဲ့နေရာဆို ပစ်ထဲပါလိုက်တာဘဲ၊ အပင်ချုံပုတ် များရင်ပိုဆိုး၊အဲ့တာ ပစ်ပစ်ထည့် ကိုယ်ရဲ့ပတ်ဝန်းကျင်ကိုယ်ရဲ့ရပ်ရွာကိုသန့်ရှင်းမှုကို မလိုလားတဲ့သူတွေဘဲ”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ရပ်ကွက်တွင်း၌ အမှိုက်မပစ်ရ ဆိုသည့် နေရာများ၌ အမှိုက်ပစ်ပါက ဒဏ်ငွေပေးဆောင်ရမည်ဟု နံရံကပ်စာများ ကပ်ထားသော်လည်း စည်းမဲ့ကမ်းမဲ့ ပစ်နေကြောင်းသိရသည်။

“အဲ့တာလည်း ပစ်တာဘဲလေ မြင်နေလည်း ဂရုမစိုက်ဘူး ဖြစ်ချင်တာဖြစ်အဲ့လို့မျိုးပေါ့၊ ရပ်ကွက်လူကြီးလည်းဘယ်ကြည့်နိုင်မှာလဲ၊ အန်တီတို့အခုနေတဲ့ ရပ်ကွက်ဆိုလည်း လမ်းဘေးမှာဆိုအမှိုက်တွေကြီးဘဲ ပိုက်ဆံပေးပြီး လူဌားပြီးရှင်းလိုက်ရတယ်”ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။

တောင်ကြီးတွင် ရေချောင်း၊ ရေမြောင်းများအတွင်း၌လည်း အမှိုက်ပစ်ခြင်းများရှိနေပြီး အမှိုက်မပစ်ရ ဆိုင်းဘုတ်များကပ်ထားသော်လည်း လိုက်နာခြင်းမရှိသည့်အပြင် ထိထိရောက်ရောက်အရေးယူခြင်းများမရှိကြောင်း သိရသည်။

PPV0013
ပုံ-ခမ်းသားငေါဝ်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ရပ်ကွက်
#အမှိုက်စွန့်ပစ်မှုများလာ
#ရေချောင်း
#ရေမြောင်းများ
#အမှိုက်ပစ်ခြင်း