ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅

တရုတ်ကြားဝင်စီစဥ်ပေးသည့် စစ်ကောင်စီနှင့် TNLA တို့ တွေ့ဆုံဆွေးနွေးမှုမအောင်မြင်ခဲ့ကြောင်း TNLA ကဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ကိုယ်စားလှယ်အဖွဲ့ နှင့် စစ်ကောင်စီတပ်ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်အစိုးရစီစဥ်ချက်အရ ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် TNLA ဘက်မှ နှစ်ဖက်တပ်များ အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်တပ်များ ထိုးစစ်ဆင်ခြင်း၊ဒရုန်း၊ လက်နက်ကြီး၊ လေယာဥ်များ တိုက်ခိုက်မှုအစရှိသည့် စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန်နှင့် ထိန်းချုပ်နယ်မြေများတွင် ဒေသခံပြည်သူများ စားဝတ်နေရေး၊ ဆေးဝါးများ သယ်ယူနိုင်ရန် အတွက် ဖြတ်သန်းသွားလာခွင့် ပြုရန် စသည့်အချက် ၃ ချက်ကိုသာဆွေးနွေးနိုင်ခဲ့ကြောင်းသိရသည်။

နှစ်ဖက်ညှိနှိုငိးဆွေးနွေးမှု အခြေအနေခက်ခဲနေသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ဆွေးနွေးပြင်ဆင်မှုများပြုလုပ်ပြီးပါက နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

PPV 003
ပုံ-အွန်လိုင်း
#စစ်ရေး
#တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
#TNLA
#တရုတ်အစိုးရစီစဥ်ချက်
#တရုတ်နိုင်ငံ
#ယူနန်ပြည်နယ်
#ကူမင်းမြို့
#တွေ့ဆုံဆွေးနွေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7